ပြည်နယ်ဝန်ကြီးချုပ် အကြိမ်(၂၀)မြောက် ဆရာအတတ်သင်ဒီပလိုမာအပ်နှင်းပွဲသို့တက်ရောက်March5

မြစ်ကြီးနား မတ်(၅)

ယနေ့ ပညာရေးလောကသို့ ရောက်ရှိတော့မည့် ဆရာ/ဆရာများအနေဖြင့် ပညာဖြင့် အသက် မွေးဝမ်းကျောင်းခြင်းအလုပ်သည် မွန်မြတ်သန့်ရှင်းသော သမာအာဇိဝကျသော အလုပ်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့အကျိုးစီးပွားထက် တပည့်အပေါင်း၏ အကျိုးတရားကို ရှေ့ရှုရသည်ဖြစ် ရာ ပရဟိတစိတ်ရှိဖို့ရန်လိုအပ်ကြောင်း၊ စာသင်ပြရုံဖြင့် ဆရာကောင်းတစ်ယောက်ဖြစ်လာနိုင်မှာ မဟုတ်သကဲ့သို့ စိတ်ကိုပါပြုပြင်ပေးနိုင်မှသာ တပည့်များ၏ ယုံကြည်အားကိုးဖွယ်၊ အသိအမှတ်ပြု လေးစားခံထိုက်ဖွယ် ဖြစ်လာနိုင်မှာ ဖြစ်ကြောင်း၊ လူငယ်များအား အနာဂတ်ခေါင်းဆောင် (Role Model)ဖြစ်ရန်လိုအပ်ပါကြောင်းဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပညာရေးကောလိပ်ကျောင်း၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် အကြိမ်(၂၀)မြောက်ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲအခမ်း အနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဆရာအတတ်ပညာသင်တန်းဆင်း ဆရာ/ ဆရာမများအား မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆရာ/ဆရာမလောင်းများအနေဖြင့် မိမိတို့ ပြည်နယ် ၏အကျိုး၊ နိုင်ငံတော်၏ အကျိုးအတွက် စေတနာထားပြီး ရောက်သည့်ဒေသတွင် ကျရာအခန်း ကဏ္ဍမှ တာဝန်ကျေပွန်စွာဆောင်ရွက်ကြစေလိုကြောင်း၊ ထူးချွန်ထက်မြက်သော၊ အကျင့်သီလ ကောင်းမွန်သော နိုင်ငံသားကောင်းများကို မွေးထုတ်ပေးနိုင်သည့် အရည်အချင်းပြည့်ဝသော ဆရာ ကောင်း၊ ဆရာတော်များအဖြစ် နိုင်ငံအကျိုးကို သယ်ပိုးထမ်းရွက်သွားကြရန် လိုအပ်ပါကြောင်း ဖြင့် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ကျောင်းအုပ်ဆရာမကြီးဒေါ်ကော့ဘူက ဆရာအတတ်ပညာဒီပလိုမာအပ်နှင်း ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆရာအတတ်ပညာဒီပလိုမာသင်တန်းအောင်မြင် သည့်သင်တန်းသား/သူများအား ဒီပလိုမာလက်မှတ်များချီးမြှင့်ပေးအပ်ခဲ့သည်။
ယနေ့ကျင်းပသည့် အကြိမ်(၂၀)မြောက် ဆရာအတတ်ပညာဒီပလိုအပ်နှင်းပွဲတွင် သင်တန်း သား(၂၇၈)ဦးတို့အား ဒီပလိုမာလက်မှတ်အပ်နှင်းပေးနိုင်ခဲ့ပြီး B.Ed တက်ရောက်ခွင့်ရှိသူ (၂၂)ဦး ရှိကြောင်းသိရှိရသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

Visitors: 8,528