ပြည်နယ်ဝန်ကြီးချုပ် ရှမ်းမျိုးနွယ်စု ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနားတက်ရောက်

မြစ်ကြီးနား မတ်(၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၊ လမ်းသွယ် (၂)အတွင်းရှိ အများ ကောင်းမှုဖြင့် ဆောက်လုပ်ပြီးစီးသွားသည့် ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံရေချက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဓမ္မာရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တက္ကသီလမဟာဓမ္မာစရိယ၊ B.A, M.A (သီရိလင်္ကာ)၊ အဂ္ဂမဟာကမ္မ ဋ္ဌာနာစရိယ အရှင်သုခမိန္ဒ အမှူးပြုသော ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး ပရိတ်တရားတော်များနာယူကြကာ ဆရာတော်၊သံဃာတော်များအား ပြည်နယ်ဝန်ကြီး ချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက်ရှမ်းမျိုးနွယ်စုဓမ္မာရုံအဆောက်အဦနှင့် ဓမ္မာရုံမြေငှားအခွန်လွတ်ဂရမ်စာချုပ်များ ကို ဓမ္မာရုံတည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းယီကျန်က ဓမ္မာရုံထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီဥက္ကဋ္ဌဦးစောနွဲ့လှရွှေထံ လွှဲပြောင်းပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားပြီးလှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်သံဃာတော်များအားနေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

Visitors: 8,447