ပြည်နယ်ဝန်ကြီးချုပ် မြို့တွင်းလမ်းများဆောင်ရွက်နေမှုနှင့် တက္ကသိုလ်နယ်မြေ သန့်ရှင်းသာယာလှပရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား ဖေဖော်ဝါရီ(၂၄)

မြစ်ကြီးနားမြို့တွင်းလမ်းများတိုးချဲ့ခင်းကျင်းဆောင်ရွက်နေမှုနှင့်တက္ကသိုလ်နယ်မြေသန့်ရှင်း သာယာလှပစေရေးအတွက် ဖေဖော်ဝါရီ(၂၄)ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်း ဆင်းစစ်ဆေးကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဆေးဝါး ကုသခံလာရောက်သည့်လူနာများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ ဝင်/ ထွက်သွားလာနိုင်ရေး အဝင်/ အထွက်လမ်းသစ် ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဆေးရုံအတွင်းဖွင့်လှစ်ထားသည့် စျေးဆိုင် ခန်းများ စနစ်တကျဖြင့် သန့်ရှင်းသပ်ယပ်စွာ နေရာချထားပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ထိုမှတဆင့် ခေမာသီရိရပ်ကွက်၊ မဟာဗန္ဓလလမ်း အရှည်ပေ (၆၉၂၅)ကို နိုင်လွန်ကတ္တရာခင်းကျင်း ဆောင်ရွက်နေမှုနှင့် လမ်းသားချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။
ယင်းနောက် မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်း ဘောလုံးကွင်းတည်ဆောက်ရေး အတွက် မြေယာပြုပြင်ဆောင်ရွက်နေမှု၊ ခြံစည်းရိုးကာရံနိုင်ရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေ အနေတို့ကိုကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်ဒေါက်တာအောင်ဝင်း၊ပါမောက္ခများ၊ ဆရာ/ဆရာမများ နှင့်အစည်းအဝေးခန်းမ၌ တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်နယ်မြေအတွင်း သန့်ရှင်း သာယာလှပစေရေးအတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် လူငယ်များကို အနာဂါတ်ခေါင်းဆောင်ကောင်းများဖြစ်လာ စေရေး အကောင်းဆုံးသင်ကြားပြသပေးကြရန် လိုအပ်အကြောင်း တိုက်တွန်းမှာကြားပြီး ဆရာ/ ဆရာမများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 
 
 
 
+4
 
 
 
+8
Visitors: 8,518