(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ



မြစ်ကြီးနား ဖေဖော်ဝါရီ(၁၂)
(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကိုယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ကျင်းပရာ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ဂုဏ်ပြုတပ်ဖွဲ့ နှင့် တက်ရောက်လာသူအားလုံးက နိုင်ငံတော်အလံအား အလေးပြုကြသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့လာသော (၇၁) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်က ဖတ်ကြားသည်။
အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၄င်း တို့၏ ဇနီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ INGO , NGO အဖွဲ့ဝင် များ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံတိုင်းရင်း သားများ တက်ရောက်ကြသည်။

Visitors: 8,528