ပြည်နယ်ဝန်ကြီးချုပ် ဧရာဝတီမြစ်ဆုံအပါအဝင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အပန်းဖြေစခန်းများ သန့်ရှင်းသပ်ယပ်စွာဖြင့် အများပြည်သူအနားယူအပန်းဖြေနိုင်ရေး ကွင်းဆင်းစစ်ဆေး



မြစ်ကြီးနား ဖေဖော်ဝါရီ(၁၀)
ဧရာဝတီမြစ်ဆုံအပါအဝင် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အပန်းဖြေစခန်းများတွင် အများ ပြည်သူ သန့်ရှင်းသပ်ယပ်စွာ အပန်းဖြေအနားယူနိုင်ရေး စီမံဆောင်ရွက်နိုင်ရန် ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင် တို့သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ကွင်းဆင်းဆောင်ရွက် ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်း၌ အများပြည် သူလွတ်လပ်ပျော်ရွှင်စွာ အပန်းဖြေနေရာတစ်ခုအဖြစ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် ဆိုင်ခန်း များစနစ်တကျ ဖွင့်လှစ်ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည် နယ်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် နေရာတစ်ခုဖြစ်သည့်အတွက် သန့်ရှင်းသပ်ယပ်စွာ စီမံဆောင်ရွက်သွားနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် အောင်မြေသာကျေးရွာရှိ ဝါးရုံတောအပန်းဖြေစခန်းအတွင်း စျေးဆိုင်ခန်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုံဂါဇွပ်ကျေးရွာ၌ ပုဂ္ဂလိကပိုင် အပန်းဖြေဥယျာဉ်စခန်း တည်ဆောက်နေမှုအခြေအနေနှင့် ရေပြာအိုင်အပန်းဖြေစခန်းတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက ဆွဲဆောင်နိုင်သည့် အပန်းဖြေစခန်းများစွာ ဖြစ်လာစေရေးနှင့် သန့်ရှင်းသပ်ရပ်ပြီး လူအများစိတ်ဝင် စားဖွယ်ဖြစ်အောင် စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်အတွင်း ခိုင်မာသောပန်းတိုင်ကုမ္ပဏီမှဆောင်ရွက်လျက်ရှိသောဒူဝါလမ်းကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ ဆေးရုံ အဝင်/အထွက် လမ်းများတွင်ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် အရေးပေါ်လူနာတင်ယာဉ်များလွတ်လပ်စွာဝင်ထွက် သွားလာနိုင်ရေးအတွက် စနစ်တကျရှိပြီး ပိုမိုကောင်းမွန်သည့် အဝင်/ အထွက်လမ်း ဆောင်ရွက်ပေး နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

Visitors: 8,527