ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး စတုတ္ထနေ့ ကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ(၈)
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၅၀)ဦးတို့ တက်ရောက် ကြသည်။
အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် နိုင်ငံခြားသားများ လာရောက်မှုနှင့် ပတ်သက်၍ သိလိုသည့် မေးခွန်း များ၊ ပူတာအိုမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးမှ ဟိုခိုရပ်ကွက်ဘက်သို့ ဆက်သွယ်ထားသောလမ်းသည် အကွေ့ကြီး ကျဉ်းမြောင်းနေသဖြင့် လမ်းသွားလမ်းလာများ အဆင်ပြေစေရန် ကျဉ်းမြောင်းသော လမ်းအကွေ့ကို ချဲ့ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိမေးခွန်း၊ ခေါင်လန်ဖူးမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု (၁၅)ခုအတွင်း နေထိုင်သည့် တောင်သူ (၁၁၁)ဦးတို့သည် ဝမ်းစာဖူလုံမှုရှိရေးအတွက် လှေကားထစ် လယ်ယာမြေ(၁၄၂)ဧကအသစ်ကို ဖော်ထုတ်စိုက်ပျိုးလိုကြောင်း တင်ပြလာမှုအပေါ် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရက မည်သို့ပံ့ပိုးကူညီ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိမေးခွန်း များအပါအဝင် မေးခွန်း (၁၂)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများက ပြန်လည် ရှင်းလင်းဖြေကြားကြသည်။
ယင်းနောက် အစည်းအဝေး ဒုတိယနေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တင်သွင်းထားခဲ့ သော ကချင်ပြည်နယ်၏ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လ ဒေသန္တရစီမံကိန်း ဥပဒေကြမ်း ကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်ပြီး ပူတာအိုမြို့နယ်နှင့် မချမ်းဘော မြို့နယ်များအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားကို မူလာချောင်းမှ ထုတ်ယူနိုင်ရန် သင့်လျော် သောနေရာတွင် စက်ရုံတည်ဆောက်ပေးရန် ကချင်ပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုရတို့အား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းကာ အစည်းအဝေး စတုတ္ထနေ့ကို ရပ်နားလိုက်သည်။

Visitors: 8,447