ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး တတိယနေ့တွင် အရေးကြီးအဆိုတစ်ခုတင်သွင်း



မြစ်ကြီးနား ဖေဖော်ဝါရီ(၇)
“ပူတာအိုခရိုင်အတွင်းသို့ တစ်ခုတည်းသော ကုန်စည်စီးဆင်းမှုလမ်းဖြစ်သည့် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းရှိ ပြည်ထောင်စုလမ်းမကြီးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုမှ ဖျက်ဆီးခဲ့သော လမ်းပိုင်းအား ဆောလျင်စွာ ပြုပြင်ပေးနိုင်ရေးနှင့် ယာဉ်များသွား လာနိုင်ရေး စီမံဆောင်ရွက်ပေးပါရန် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့အား တိုက်တွန်းကြောင်းအဆို အရေးကြီးအဆို” ကို ပူတာအိုမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန်(ခ)ဦးခန်လင်က ပြည်နယ်လွှတ်တော်အစည်းအဝေးခန်း၌ ယနေ့နံနက်(၁၀)နာရီတွင်ကျင်းပသည့် ဒုတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်ဒသမပုံမှန်အစည်း အဝေး တတိယနေ့တွင် တင်သွင်းခဲ့သည်။
အဆိုပါ လမ်းပိုင်းနှင့်တံတားများ ပျက်စီးပြတ်တောက်မှုကြောင့် လမ်းလုပ်သားများတင်မ ကပဲ ပူတာအိုခရိုင်အတွင်း မှီးတင်နေထိုင်ကြသော ရဟန်းရှင်လူမိဘပြည်သူများနှင့် နိုင်ငံဝန်ထမ်း များအားလုံး ဒုက္ခရောက်ကြပြီး ကုန်စျေးနှုန်းများ နေ့ချင်းညချင်းမြင့်တက်ခြင်း၊ လောင်စာဆီနှင့် တည်ဆောက်ရေးပစ္စည်းများ ပြတ်လတ်ခြင်းများ ကြုံတွေ့နေရပြီဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ လမ်းပိုင်းကို ဆောလျင်စွာ ပြုပြင်ပေးနိုင်ပါရန်နှင့် ပြုပြင်ပြီး နောက်ပိုင်းတွင်လည်း ကုန်စည်စီးဆင်း မှုပြတ်တောက်မှုမရှိစေရေးအတွက် သက်ဆိုင်ရာက လုံခြုံရေးတိုးမြှင့်ယူပေးဖို့ရန် လိုအပ်မှာဖြစ် ကြောင်း အရေးကြီးအဆို တင်သွင်းရာတွင် လွှတ်တော်ကိုယ်စားလှယ်ဦးဒိန်ခန်ဖုန်(ခ) ဦးခန်လင်က ရှင်းလင်းတင်ပြခဲ့သည်။
ယင်းအရေးကြီးအဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်(၆)ဦးတို့က ထောက်ခံဆွေး နွေးခဲ့ကြပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသူရမျိုးတင်က ယင်းလမ်း ကြောင်းသည် နိုင်ငံတော်အတွက် အရေးကြီးသည့် မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်း ကြောင်းဖြစ်သည့်အတွက် ပြည်သူများလုံခြုံချောမွေ့စွာသွားလာနိုင်ရေး အမြန်ဆုံးစီမံဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးရာ ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင် ကြောင်းဆုံးဖြတ်လိုက်သည်။
ယနေ့ အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့် လွှတ်တော်ကိုယ်စား လှယ်(၅၀)ဦးတို့ တက်ရောက်ခဲ့ကြကာ ကြယ်ပွင့်ပြမေးခွန်း(၁၁)ခုကို မေးမြန်းခြင်းနှင့်ဖြေကြားခြင်း များဆောင်ရွက်ခဲ့ကြပြီး အစည်းအဝေးပထနေ့တွင် တင်သွင်းခဲ့သော “ကချင်ပြည်နယ် ရေချိုငါး လုပ်ငန်းဥပေဒေကိုပြင်ဆင်သည့်ဥပဒေကြမ်း”ကို အတည်ပြုခြင်းနှင့် အစည်းအဝေးဒုတိယနေ့တွင် တင်သွင်းထားခဲ့သည့် “ကချင်ပြည်နယ်၊ ၂၀၁၈ ခုနှစ်၊ ပထမ(၆)လ ဒေသန္တရစီမံကိန်းဥပဒေ ကြမ်း”နှင့် ပတ်သက်၍ လွှတ်တော်ဥပဒေကြမ်းပူးပေါင်းကော်မတီက စိစစ်ချက်အစီရင်ခံစာကို တင်သွင်းပြီး အစည်းအဝေး တတိယနေ့ကို ရပ်နားလိုက်သည်။

Visitors: 8,518