ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ



မြစ်ကြီးနား ဖေဖော်ဝါရီ(၆)
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၄၆)ဦးတို့ တက်ရောက် ကြသည်။
ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်များက ဂွေထော်-အင်ဂျန်းယန်ကားလမ်းတိုးချဲ့ဆောင် ရွက်ရာ၌ လမ်းပိုင်းဆိုင်ရာနှင့် တင်ဒါစနစ်ဖြင့်ချပေးသော ကုမ္ပဏီများကို လုပ်ငန်းကြီးကြပ်ရာ တွင် မည်သို့ဆက်လက်ဆောင်ရွက်သည်ကို သိရှိလိုသည့်မေးခွန်း၊ မံစီမြို့၊မောရ၀တီရပ်ကွက်ရှိမိုးယုချောင်း ကမ်းပါးပြိုကျမှုအား မြေထိန်းနံရံ(သို့မဟုတ်) ချောင်းဖြောင့်ပေးပါရန် အစီအစဉ်ရှိ/မရှိ မေးခွန်း၊ ဆော့လော်မြို့နယ်၊ ရစ်ယော်ကျေးရွာ၊ ချော်မွန်၊ လာချင်ကျေးရွာအုပ်စု ရှီသျှီဒူခူကျေးရွာ၊ လာချင် ကျေးရွာအုပ်စု၊ တန်ဒေ၊ သထုံဇင်၊ နာလဲကော၊ ဖိနား၊ မီဇူကျေးရွာတို့တွင်ရှိသော အ.မ.က(ခွဲ) စာသင်ကျောင်းဆောင်နှင့် ဆရာ/မနေအိမ်အဆောင်များအား ၂၀၁၈-၂၀၁၉ ဘတ်ဂျတ်နှစ်တွင် ခွင့်ပြု ပေးနိုင်ပါရန်နှင့် ဖွဲ့စည်းပုံနှင့်အညီ ဆရာ/မများ အပြည့်အဝတာဝန်ချခွင့်ပြုပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိမေးခွန်းများအပါအဝင် မေးခွန်း(၁၀)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်နယ်လွှတ်တော် စီးပွားရေးနှင့်လူမှုရေးကဏ္ဍဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကော်မတီက အစည်းအဝေးပထမနေ့တွင် တင်သွင်းထားခဲ့သည့် ကချင်ပြည်နယ် ရေချိုငါး လုပ်ငန်းဥပေဒေကို ပြင်ဆင်သည့်ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက စိစစ်ချက်အစီရင်ခံစာကိုတင်သွင်းပြီး ပြည်နယ်အစိုးရအဖွဲ့၏ "ကချင်ပြည် နယ် ၂၀၁၈ ခုနှစ်၊ ပထမ(၆)လ ဒေသန္တရစီမံကိန်းဥပဒေကြမ်း" ပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးက လွှတ်တော်သို့ တင်သွင်းသည်။
ယင်းနောက်အစည်းအဝေး ပထမနေ့တွင် တင်သွင်းထားသည့် ကျန်းမာရေးဌာနမှ သတ်မှတ် လူနာဦးရေကိုဖြေလျော့ကာဝိုင်းမော်မြို့နယ်၏(၂၅)ခုတင်ဆံ့ပြည်သူ့ဆေးရုံအားခုတင်(၅၀)ဆံ့ဆေးရုံ အဖြစ်စံချိန်တိုးမြှင့်ကာ မြို့နယ်အတွက်သင့်တော်မည့် အထူးကုသမားတော်များ ခန့်ထားပေးနိုင်ပါ ရန် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရသို့ တိုက်တွန်းကြောင်းအဆို ဆွေးနွေးကြပြီး ယင်း အဆိုကို လျှို့ဝှက်ဆန္ဒမဲပေးဆုံးဖြတ်ကြကာ အတည်ပြုကြောင်းဆုံးဖြတ်လိုက်ပြီး အစည်းအဝေး ဒုတိယနေ့ ကို ရပ်နားလိုက်သည်။

Visitors: 8,518