ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ



မြစ်ကြီးနား ဖေဖော်ဝါရီ(၅)
ဒုတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌဦးထွန်းတင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အစည်းအဝေးမတက်ရောက်နိုင်သော လွှတ်တော်ကိုယ်စားလှယ်များကို ခွင့်တိုင် ကြားရာ ပြည်နယ်ဥက္ကဋ္ဌ ဦးထွန်းတင်က အစည်းအဝေးတက်ရောက်ခွင့်ရှိသူ (၅၃)ဦးအနက် (၅၀)ဦး တက်ရောက်သဖြင့် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။
ယင်းနောက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ တိုင်စာ အပေါ် စိစစ်၊ သုံးသပ်၊ အကြံပြုချက်များအရ မည်သို့အရေးယူ ဆောင်ရွက်ပေးခြင်းနှင့် လွှတ်တော် ရုံးမှပေးပို့သောအမှုများ မြန်ဆန်စွာဖြေရှင်းနိုင်ရေးအတွက်မည်သို့စီစဉ်ထားသည်ကို သိရှိလိုကြောင်း နှင့်စပ်လျဉ်းသည့်မေးခွန်း၊နောင်မွန်မြို့နယ် ဝမ်းစာဖူလုံရေးအတွက် များစွာအထောက်အကူပြုလျက် ရှိသော ဆည်မြောင်း(၇)ခုအား ပြုပြင်ထိန်းသိမ်းပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာနှစ် တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းမေးခွန်း၊ ပူတာအိုမြို့နယ် မြို့မရပ်ကွက်တွင်ရှိသော မြို့တော်ခန်းမဆောင်ကို ခရိုင်အဆင့်နှင့်လျော်ညီသော RC တိုက်အဖြစ်ဆောက်လုပ်ပေးနိုင်ပါရန် အစီစဉ်ရှိ/မရှိ မေးခွန်းများအပါအဝင် မေးခွန်း (၇)ကို လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်း ကြရာ သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ပြည်နယ်လွှတ်တော် စီးပွားရေးနှင့်လူမှုရေးကဏ္ဍဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကော်မတီက "ကချင်ပြည်နယ် ရေချိုငါးလုပ်ငန်းဥပေဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း" ကို တင်သွင်းပြီးကျန်းမာရေးဌာနမှသတ်မှတ်လူနာဦးရေကိုဖြေလျော့ကာဝိုင်းမော်မြို့နယ်၏ (၂၅)ခုတင် ဆံ့ ပြည်သူ့ဆေးရုံအား ခုတင် (၅၀)ဆေးရုံအဖြစ် စံချိန်တိုးမြှင့်ကာ မြို့နယ်အတွက် သင့်တော်မည့် အထူးကုသမားတော်များခန့်ထားပေးနိုင်ပါရန်ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အစိုးရသို့တိုက်တွန်း ကြောင်းအဆိုကို တင်သွင်းကာ အစည်းအဝေး ပထမနေ့ကို ရပ်နားလိုက်သည်။

Visitors: 8,518