ကုန်တင်ကုန်ချစခန်းဆောင်ရွက်မည့် မြေနေရာနှင့် မြို့တွင်းတည်ဆောက်ရေးလုပ်ငန်းများကို ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး



မြစ်ကြီးနား ဖေဖော်ဝါရီ(၃)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်းသို့ တန်ပိုယာဉ်များဖြတ်သန်းသွားလာမှုကြောင့် မြို့ပေါ် လမ်းများ ပျက်စီးမှုမဖြစ်ပေါ်စေရေးနှင့် ကုန်စည်စီးဆင်းမှုနှင့် အဝေးပြေးယာဉ်များ စနစ်တကျ ဖြတ်သန်းသွားလာနိုင်ရေးအတွက် မြစ်ကြီးနားကုန်တင်ကုန်ချစခန်းတည်ဆောက်ရေးနှင့် ပြည်နယ် မြို့တော်ဖြစ်သည်နှင့်အညီ ခေတ်မီပြီး စနစ်ကျသည့် အားကစားကွင်း ဖြစ်ပေါ်လာစေရေးတို့အတွက် ပြည်နယ်ဝန်ကြီး ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဖေဖော်ဝါရီ(၃)ရက် နံနက်(၉)နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လယ်ကုန်းရပ်ကွက်၊ ဇီးလွန်အထကကျောင်း၌ မီးလောင်ဆုံးရှုံးသွားသည့် ကျောင်းခန်းမပြန်လည်တည်ဆောက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ရမ်ပူရပ်ကွက်အတွင်း စည်ပင်ပြည်သူပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အရှည် ပေ ၃၅၅၀ ကတ္တရာလမ်းခင်းကျင်းဆောင်ရွက်နေမှု၊ မြို့သစ်ရပ်ကွက်၊ ဗိုလ်ချုပ်ပန်းခြံနှင့် စိမ်းမြဧရာ ပန်းခြံ အဆင့်မြှင့်တင်ဆောင်ရွက်နေမှု၊ ယက်ကန်းသင်တန်းကျောင်းဆောင်သစ်ဆောက်လုပ်ပြီးစီးမှု အခြေအနေနှင့် တပ်ကုန်းရပ်ကွက်အတွင်း လမ်းကျော်၍ ရေဝပ်သည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။
ယင်းနောက် စီတာပူရပ်ကွက်၊ ကွင်းအမှတ်(၁၂/၂-က/စီတာပူတောင်)ရှိ မြေဧက ၇.၃၈၂ဧက ပေါ်တွင်မြစ်ကြီးနားကုန်တင်ကုန်ချစခန်း ဆောင်ရွက်ရန်လျာထားသည့် အဆိုပြုပုံစံများနှင့်ဗန်းမော် -ကန်ပိုက်တီ-ဝိုင်းမော်လမ်းကြောင်းနှင့် မန္တလေး -မိုးညှင်း- မိုးကောင်းလမ်းကြောင်းတို့မှ ကုန်တင် ယာဉ်များ စခန်းသို့ ဝင်ရောက်မည့်လမ်းကြောင်းများနှင့် ပတ်သက်၍ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြာရေးမှူးက ရှင်းလင်းတင်ပြမှုများကို ပြည်နယ်ဝန်ကြီးချုပ်က ကုန်စီဆင်းမှုအခြေအနေ ကိုစိစစ်တွက်ချက်၍ လမ်းကြောင်းများအကောင်အထည်ဖော်ဆောင်ရွက်သွားရန်နှင့် ကုန်သည်များ နှင့်ညှိနှိုင်းဆွေးနွေး၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြား သည်။
ဆက်လက်၍ သီတာရပ်ကွက်ရှိ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် မြေနေရာ၌ မြေယာပိုင်ဆိုင်မှုအခြေအနေများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ခေတ်မီအားကစားကွင်းဖြစ်ပေါ်လာစေရေးနှင့် အားကစားပြိုင်ပွဲများကို တစ်နေရာ ထဲတွင်တစ်ပြိုင်ထဲဆောင်ရွက်နိုင်သည့်ကွင်းတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေး လိုအပ်သည် များကို ညှိနှိုင်းဆွေးနွေး၍ စီမံဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

Visitors: 8,528