မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်ရှိ တိုက်ပွဲရှောင်စခန်းများမှ မိသားစုများအား ငွေပျော်စံပြကျေးရွာသို့ ထပ်မံပြောင်းရွှေ့

မြစ်ကြီးနား ဖေဖော်ဝါရီ(၁)

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်မိသားစုများကို ၄င်းတို့ ၏ဆန္ဒသဘောဖြင့် ခေတ္တနေထိုင်ရာ စခန်းများမှ ပြောင်းရွှေ့နေထိုင်လိုပါက စီမံဆောင်ရွက်ပေး လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ တိုက်ပွဲရှောင်စခန်းများမှ မိသားစုများအား ငွေပျော်စံပြကျေးရွာသို့ ထပ်မံပြောင်းရွှေ့နေရာချထားပေးပြီး မိသားစုဝင်များ အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ငွေပျော်စံပြကျေးရွာသို့ မြစ်ကြီးနားမြို့၊နန်းကွေ့ကျေးရွာ၊စိန်ယောဟန်IDPs Camp၊ ပလနဗဟိုကတ်သလစ်ဘုရားကျောင်း IDPs Camp နှင့် လယ်ကုန်းရပ်ကွက်၊ ဗက်လင် IDPs Camp တို့မှ ပြောင်းရွှေ့အိမ်ထောင်စု (၁၁)စု နှင့် မိသားစုဝင်(၅၅)ဦးတို့ကို အဆိုပါ ကျေးရွာရှိ မူကြိုကျောင်း ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်လူမှုရေး ဝန်ကြီးဒေါက်တာသင်းလွင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တွေ့ဆုံအားပေးခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်မိသားစုမှ ခြုံစောင်များ၊ ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်များနှင့် အနွေးထည်များ၊ ပြည် နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပစ္စည်း(၃၂)မျိုးပါ Family Kit များ၊ ပစ္စည်း(၁၇)မျိုးပါ ကယ်ဆယ်ထောက်ပံ့ပစ္စည်းများနှင့် တစ်အိမ်ထောင်လျင် တစ်ပတ်စာ ဆန်ရိက္ခာ ဘိုးငွေများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးစိမ်ခြင်ထောင်များ၊ ပြည်နယ်ပညာရေးမှ ကျောင်း သား/သူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာပစ္စည်းများ၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ Kitchen Set၊ Shetter Tookit နှင့် တစ်ကိုယ်ရေသန့်ရှင်ရေးသုံးပစ္စည်းများနှင့် ပြည်နယ်ဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်းမှ ဆန်အိတ် (၅၀)၊ ဆီ(၂၀)ပုံးတို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ ကြသည်။ကချင်ပြည်နယ်အတွင်း ယာယီစစ်ရှောင်စခန်းပေါင်း(၉၀)ကျော်တွင် လူဦးရေ(၈၀၀၀)ကျော် ရှိပြီး မြစ်ကြီးနားမြို့နယ်အတွင်း ငွေပျော်စံပြကျေးရွာသို့ IDPs Camp နေ မိသားစုများအား ၄င်းတို့၏ ဆန္ဒသဘောဖြင့် ပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့မှ အလုပ်အကိုင် အခွင့်အလမ်းများ၊ သက်မွေးပညာသင်တန်းများနှင့် ကူညီထောက်ပံ့ပေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ကြောင်း သိရှိရသည်။

Visitors: 8,518