မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲနှင့် ဆုရပြိုင်ပွဲဝင်များအား ပြည်နယ်ဝန်ကြီးချုပ် ဆုချီးမြှင့်



မြစ်ကြီးနား ဇန်နဝါရီ(၃၁)
တပို့တွဲလ၏ ရာသီပွဲတော်ဖြစ်သည့် ထမင်းနဲ(ထမနဲ)ထိုးပြိုင်ပွဲကို ကောက်သစ်ဦးပေါ်ချိန်ဖြစ် သည့်လဆန်းစချိန်မှ လပြည့်နေ့ထိတိုင်နိုင်ငံအနှံ့အပြားရှိ ကျေးလက်တောရွာများအထိကျင်းပကြပြီး မြန်မာသက္ကရာဇ် ၁၃၇၉ ခုနှစ်၊ ကချင်ပြည်နယ် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို (၃၀)ရက် ညနေပိုင်း တွင် မြစ်ကြီးနားမြို့၊ အေးမြသာယာရပ်ကွက်လွတ်လပ်ရေးကွင်း၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်အသီး သီးမှ ပြိုင်ပွဲဝင်အသင်း(၁၇)သင်းတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးများက တက် ရောက်အားပေးကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် အသင်းများကို ပြည်နယ်ဝန် ကြီးချုပ်၊ ကျန်ပြိုင်ပွဲဝင်အသင်းများအားလုံးကို ပြည်နယ်ဝန်ကြီးများက ဆုများအသီးသီးချီးမြှင့်ခဲ့ ကြသည်။
ထမင်းနဲ(ထမနဲ)သည် ကောက်သစ်ဦးပေါ်ချိန် ကောက်ညှင်းကို နှမ်း၊နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်း စသည်တို့ဖြင့် စီမံပြုလုပ်ထားသော ချိုဆိမ့်မွှေးသည့် မြန်မာအစားအစားတစ်မျိုးဖြစ်သလို ကောက်ညှင်းထမင်းအိုးကို ထပ်ပြန်တလဲလဲကော်ပတ်စာများ နှဲဘိအလား နှဲရသောကြောင့် ထမင်းနဲ (ထမင်းနဲ)ဟု အဓိပ္ပါယ်ရှိရှိ ခေါ်ဝေါ်ကြပြီး ထမနဲထိုးပွဲကို ယောင်္ကျားလေးများ အားကောင်းမောင်း သန် ချွေးတပြိုက်ပြိုက်ထိုးရသဖြင့် အေးမြသည့် ဆောင်းရာသီကို အန်တုယှဉ်ပြိုင်ကြကာ ကျန်းမာ ရေးအတွက် အလွန်ကောင်းသည်ကို တွေ့ရှိရပြီး ပါဝင်သူများအားလုံးက စုပေါင်းဆောင်ရွက်သည့် ပွဲဖြစ် သည့်အတွက် စုပေါင်းစည်းလုံးညီညွတ်မှုအားကို ဖြစ်စေသော ပွဲတော်ကြီးတစ်ခုဖြစ်သည်။

Visitors: 8,447