စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ



မြစ်ကြီးနား ဇန်နဝါရီ(၂၅)
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများသည် ယနေ့နံနက်(၉)နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော် ခန်းမ၌ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများ၊ ဘဏ်များမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အမှာ စကားပြောကြားသည်။
ယင်းသို့ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စီးပွားရေးကဏ္ဍကို တာဝန်ယူဆောင်ရွက်ရ သည့်အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့အလုပ်ကို ဂုဏ်ယူစွာ ဆောင်ရွက်တတ်စေရန်နှင့် စည်း စည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ငွေကြေးများကို ကိုင်တွယ်ဆောင်ရွက် ရသည့် အတွက် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ် အဆင့်တာဝန်ခံများသည် ခေါင်းဆောင်ကောင်းများအဖြစ် တာဝန်ယူဆောင်ရွက်စေရန် လိုအပ် ကြောင်းနှင့် ပြဿနာအခက်အခဲစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်းဖြင့် ရင့်ကျက်သည့် ခေါင်းဆောင်များဖြစ်ရန်လိုကြောင်း၊ မိမိတို့၏ တန်ဖိုးကိုသိ၍ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက် တတ်ကြရန် လိုအပ်ကြောင်းဖြင့် မှာကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဦးစီးဌာနများနှင့် ဘဏ်များမှ တာဝန်ခံများ၊ ဝန်ထမ်း များက ပြည်ထောင်စုဝန်ကြီးအား နှုတ်ဆက်ဂါဝရပြုကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့မှ မန္တလေးမြို့ သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သတင်းရရှိသည်။

Visitors: 8,447