စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်း ကချင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းရေးဆွဲရေးကိစ္စရပ်များ၊ မြစ်ကြီးနားမြို့ရှိ လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ SME



မြစ်ကြီးနား ဇန်နဝါရီ(၂၃)
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းနှင့် ဌာနဆိုင်ရာအကြီး အကဲများသည်ယနေ့နံနက်(၁၀)နာရီခွဲတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ရောက်ရှိပြီး ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်တွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်း ရေးဆွဲရေးကိစ္စရပ်များ၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် SME ချေးငွေကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးများက ပြည်နယ် အတွင်း ရင်းနှီးမြှပ်နှံမှုဆိုင်ရာကိစ္စရပ်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ မြစ်ကြီးနားမြို့နယ်အတွင်း ရှိစီးပွားရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်းကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် SME ချေးငွေဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စီးပွားဖွံ့ဖြိုး ရေးဇုန်စီမံကိန်း၊ ဘက်စုံပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်အောင်မိုးက ရှင်းလင်းတင်ပြပြီး မြစ်ကြီးနား စီးပွားဖွံ့ဖြိုးရေး ဇုန်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အကြံပြုချက်စာတမ်းကို ဘက်စုံပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီအဖွဲ့ဝင် ဦးထွန်းညွန့်က ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မြစ်ကြီးနား မြို့၊ နန်ကျင်ရပ်ကွက်ရှိ မြစ်ကြီးနားစီးပွားရေးဖွံ့ဖြိုးရေးဇုန်စီမံကိန်းမြေနေရာကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

Visitors: 8,447