ငွေကျပ်သိန်း(၄၅၀)တန်ဖိုးရှိ ကိုယ်လက်ကြံ့ခိုင်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း



မြစ်ကြီးနား ဇန်နဝါရီ(၂၂)
ကချင်ပြည်နယ်၏ မြို့တော်မြစ်ကြီးနားမြို့နေ ပြည်သူများအတွက် ကျန်းမာပျော်ရွှင်စွာ လှုပ်ရှားသွားလာရန် တစ်ထောင့်တစ်နေရာမှ အကူအညီဖြစ်စေရေးအတွက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ပေါင်စန်းပြည်နယ်ခွဲ၊ မြစ်ကြီးနားအခြေစိုက် ထိန်ချုံး-မြစ်ကြီးနားကားလမ်းဆောက်လုပ်ရေး ကုမ္ပဏီ၊ပေါင်စန်းဆက်ဆံရေးရုံးမှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံသို့ ငွေကျပ်သိန်း(၄၅၀)တန်ဖိုး ရှိ ကိုယ်လက်ကြံ့ခိုင်ရေးပစ္စည်းများကို ယနေ့ နံနက်(၁၀)နာရီတွင် မြစ်ကြီးနားမြို့ ကိုယ်ကာယ လေ့ကျင့်ရေးပြည်သူ့အားကစားကွင်း၌ လှူဒါန်းပွဲပြုလုပ်၍ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းသို့ ကိုယ်လက်ကြံ့ခိုင်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပေါင်စန်း ဆက်ဆံရေးတာဝန်ခံ မစ္စတာရန်ချိန်းဘောင်က ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့၏စည်ပင် သာယာရေးလုပ်ငန်းကိုအလေးထားသောကြောင့်မြို့သည် တစ်နေ့ထက်တစ်နေ့ပိုမိုလှပလာပြီး မြို့နေ ပြည်သူများအတွက် ကျန်းမာရေးလေ့ကျင်ချိန်တွင် ကိုယ်လက်ကြံ့ခိုင်ရေးပစ္စည်းများ လုံလောက်မှု မရှိခြင်းကြောင့် ပေါင်စန်းပြည်သူများ၏ ချစ်ကြည်ရေးပါရှိသော ကိုယ်လက်ကြံ့ခိုင်ရေးပစ္စည်း (၁၅) မျိုးပါ (၄)စုံကို မြို့သူ မြို့သားများ ကျန်းမာပျော်ရွှင်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရန်အတွက် မျော်လင့် လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြား ပြီး ကိုယ်လက်ကြံ့ခိုင်ရေးပစ္စည်းများကို ပေါင်စန်းဆက်ဆံရေးတာဝန်ခံက ပေးအပ်ရာ ပြည်နယ် ဝန်ကြီးက လက်ခံရယူပြီး ကိုယ်ကာယလေ့ကျင့်ရေးပြည်သူ့အားကစားကွင်းအတွင်းနှင့် ဧရာဦးပန်း ခြံအတွင်း၌ တပ်ဆင်ဆောင်ရွက်ပေးထားသည့် ကိုယ်လက်ကြံ့ခိုင်ရေးပစ္စည်းများကို ပြည်နယ်အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး၊ လူမှုရေးဝန်ကြီးနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ပေါင်စန်းဆက်ဆံရေးရုံးမှ တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

Visitors: 8,447