မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီက ကချင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာပြည်သူများအတွက် အလှူငွေများ ထောက်ပံ့ပေးအပ်



မြစ်ကြီးနား ဇန်နဝါရီ(၁၈)
မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီမှ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ ပြည်သူများအတွက် အလှူငွေများကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဇနီးဒေါက်တာဂျေကော့ဘူတို့ က လက်ခံရယူခဲ့ကြသည်။
အဆိုပါ အလှူငွေထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီမှ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ဇနီးဒေါက်တာယုယုမေက ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများအတွက် အလှူငွေကျပ်သိန်း (၁၀၀) ကို ထောက်ပံ့ပေးခဲ့သည်။
ယင်းသို့ အလှူငွေထောက်ပံ့ပေးအပ်ရခြင်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါက်တာယုယုမေက မငြိမ်းချမ်းတဲ့ဒေသမှာနေထိုင်သည့် ကျွန်မတို့၏ ညီကိုမောင်နှမအားလုံးကို ပြန်လည်စောင့်ရှောက်မည်ဆိုပြီး ရည်မှန်းချက်ချမှတ်ကာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ပြည် သူများအတွက် ငွေကျပ်သိန်း(၁၀၀)ကို လှူဒါန်းရခြင်းဖြစ်ကြောင်း၊ မငြိမ်းချမ်းတဲ့ဒေသမှာနေထိုင် သည့် ပြည်သူများအတွက် ငြိမ်းချမ်းတဲ့ဒေသမှာနေထိုင်သည့် ပြည်သူများကစောင့်ရှောက်ခြင်းလည်း ဖြစ်ပါကြောင်းဖြင့် ရှင်းလင်းပြောကြားပြီး ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်က ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ အလှူငွေပေးအပ်လှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် မန္တလေးတိုင်းဒေသကြီးအမျိုးသမီးရေးရာကော်မတီ မှတိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး၊ တိုင်းဒေသကြီးတရား သူကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဒုဥက္ကဋ္ဌ၏ဇနီးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၏ဇနီး များက တက်ရောက်ခဲ့ကြသည်။

Visitors: 8,528