နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် မြစ်ကြီးနားမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ



မြစ်ကြီးနား ဇန်နဝါရီ(၁၀)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ(၁၀)ရက်နေ့တွင် ကျရောက်သည့် နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲမှ ကြီးကြပ်၍ ပြည်နယ်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် လူထုအားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် မြစ်ကြီးနား မြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ နှစ်(၇၀)ပြည့်ကချင်ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီးအလွတ်တန်း အကြီးတန်းစက်ဘီးစီးပြိုင်ပွဲနှင့် အခြေခံပညာကျောင်းပေါင်းစုံ စက်ဘီးစီးပြိုင်ပွဲများကို နံနက် (၆)နာရီတွင် မြစ်ကြီးနားမြို့၊ မြို့တော်ခန်းမရှေ့မှ စတင်တာလွှတ်ကာ မန်ခိန်ရပ်ကွက်မှ တဆင့် မြို့တော်ခန်းမရှေ့တွင် ပန်းဝင်ခဲ့ကြသည်။
ထို့နောက် ပြည်သူ့အားကစားကွင်းအတွင်း၌ ကျောင်းသား/သူများ၊ ကလေးသူများနှင့် မြို့နေ ပြည်သူများအတွက် နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အဖြစ် မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ အပြေးပြိုင်ပွဲများ၊ အလျားခုန်နှင့် ဝိုင်းခြင်းအလှခတ်ပြိုင်ပွဲများနှင့် ပျော်ပွဲ ရွှင်ပွဲများအဖြစ် မုန့်အဝစားပြိုင်ပွဲ၊ လွန်ဆွဲ၊ ချောတိုင်တက်၊ ဂုန်နီအိတ် စွတ်ပြေး၊ ပူပေါင်းဖောက်၊ သံပုံးရိုက်၊ဖားခုန်၊ သံပုရာသီးဇွန်းကိုက်၊ချောတိုင်တက်ပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ခဲ့ကြပြီး ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုရရှိသူများကို အမှတ်တရ လက်ဆောင်များနှင့် ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

Visitors: 8,518