နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနား မြစ်ကြီးနားမြို့၌ ကျင်းပ



မြစ်ကြီးနား ဇန်နဝါရီ(၁၀)
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ(၁၀)ရက်နေ့တွင် ကျရောက်သည့် နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပရာ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတ ကပေးပို့သည့် နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ် ကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်ဂျေကော့ဘူ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ နိုင်ငံရေးပါတီဝင်များ၊ မျိုးနွယ်စုအလိုက် တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးအသင်းအဖွဲ့ဝင်များ၊ NGO ၊ INGOများ၊ ပညာရေး ကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ သူများနှင့် ကချင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့တို့က ကချင်ရိုးရာထောင်ကာအကနှင့် မနောအကတို့ကို တစ်ပျော်တစ်ပါး စုပေါင်း၍ ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်။
အလားတူပင် ပြည်သူ့အားကစားကွင်းအတွင်း၌ နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့အထိမ်း အမှတ် စက်ဘီးစီးပြိုင်ပွဲ၊ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ အပြေးပြိုင်ပွဲများ၊ အလျားခုန်နှင့် ဝိုင်းခြင်းခတ် ပြိုင်ပွဲများအားကစား ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများအဖြစ် မုန့်အဝစားပြိုင်ပွဲ၊ လွန်ဆွဲ၊ ချောတိုင်တက်၊ ဂုန်နီအိတ်စွတ်ပြေး၊ပူပေါင်းဖောက်၊သံပုံးရိုက်၊ ဖားခုန်၊ သံပုရာသီးဇွန်းကိုက်၊ ချောတိုင်တက်ပြိုင်ပွဲ များကိုကျင်းပခဲ့ပြီး ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ညပိုင်းတွင်လည်း နှစ်(၇၀)ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ညစာစားပွဲကို မြို့တော် ခန်းမ၌ ကျင်းပခဲ့ကြသည်။

Image may contain: one or more people, crowd and outdoor
Image may contain: 12 people, crowd, tree and outdoor
Image may contain: 11 people, people smiling, crowd, tree and outdoor
Image may contain: 6 people, tree, outdoor and nature
+8
Visitors: 8,528