ခါကာဘိုရာဇီဒေသအား သဘာဝအခြေခံခရီးသွားလာရေး စီမံအုပ်ချုပ်မှုဆိုင်ရာနှင့် စီမံရေးဆွဲရေးဆိုင်ရာများရှင်းလင်းဆွေးနွေး



မြစ်ကြီးနား ဇန်နဝါရီ(၈)
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ခါကာဘိုရာဇီဒေသအား သဘာဝအခြေခံခရီးသွား လာရေးစီမံအုပ်ချုပ်မှုဆိုင်ရာနှင့် စီမံချက်ရေးဆွဲရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရီးသွားလုပ်ငန်းရှင် များအား ခရီးသွားလုပ်ငန်းဆိုင်ရာအကြံပေးအဖွဲ့မှ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီ တွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ရှင်းလင်းဆွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ဝန်ဆောင်မှုအ ခြေခံပြီး ပူတာအိုရှိ ဒေသခံလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း သည် အလွယ်ကူဆုံးနှင့် အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်လာမည်ဟု ယုံကြည်မိပါကြောင်း၊ သို့ဖြစ်၍ ဒေသခံပြည်သူများပါဝင်စေပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများအားလုံးက ပူးပေါင်း ပါဝင်ကူညီဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ခရီးသွားလုပ်ငန်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များဖြစ်သည့် ဒေါက်တာပေါလ်ရော် ဂျာစ်နှင့် ဒေါ်ကြည်ကြည်အေးတို့က ဒေသခံတိုင်းရင်းသားမျိုးနွယ်စုများ၊ ဆက်စပ်ပါဝင်ပါတ်သက် သူများ၊ဌာနဆိုင်ရာများပါဝင်သည့် ခါကာဘိုရာဇီဒေသ၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းနှင့် ပူတာအို ခရိုင်ခရီးသွားလုပ်ငန်းစီမံချက်ရေးဆွဲရန် ကြိုတင်ပြင်ဆင်ခဲ့သည့် လုပ်ငန်းစဉ်များ၊ တွေ့ကြုံနိုင်သော အခက်အခဲများ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ခြုံငုံသုံးသပ်ခြင်း၊ ပူတာအိုခရိုင်အဆင့် အလုပ်ရုံဆွေးနွေးပွဲများမှ ရလာဒ်များနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေးကြပြီး အဓိက စဉ်းစားသင့်သော အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးကြရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာသူများက ဒေသတွင်းတွေ့ကြုံနိုင်သည့် အခက်အခဲများနှင့် စီမံချက်ရေးဆွဲရာတွင် ပါဝင်သည့် အချက်များကို ဖြည့်စွက်ဆွေးနွေးကြပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ စီမံချက်ရေးဆွဲရေးနှင့် စပ်လျဉ်း၍ လိုအပ်ချက် များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

Visitors: 8,447