နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်



မြစ်ကြီးနား ဇန်နဝါရီ(၂)
၂၀၁၈ ခုနှစ် ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် နှစ်(၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မျက်ခင်းပြင်၌ ကျင်းပသွား မည်ဖြစ်ပြီး လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများနှင့် အားကစားပြိုင်ပွဲ များကို ပြည်နယ်ပြည်သူ့အားကစားကွင်းနှင့် မိုးလုံလေလုံအားကစားကွင်းများ၌ ကျင်းပသွား မည်ဖြစပါသည်။
အားကစားပြိုင်ပွဲ များကို ယနေ့မှ စ၍ လွတ်လပ်ရေးနေ့အထိ ကျင်းပသွားမှာဖြစ်ပြီး ယနေ့တွင် ကျား/မ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို စတင် ကျင်းပသွားမှာဖြစ်တယ်၊ ကျန်သည့် အားကစားပြိုင်ပွဲများဖြစ်တဲ့ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ အပါအဝင် မီတာ (၁၀၀)၊ ၂၀၀၊ ၄၀၀၊ ၈၀၀၊ ၁၅၀၀ အပြေးပြိုင်ပွဲများ၊ အလျားခုန်နှင့် ဝိုင်းခြင်း ခတ်ပြိုင်ပွဲများ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲများအလိုက် ဆုများကို ချီးမြှင့်ပေးသွား မည်ဖြစ်ပါ သည်။
ထို့အပြင် ပြည်သူ့အားကစားကွင်းအတွင်း၌ ဇန်နဝါရီ(၄)ရက်နေ့တွင် ပျော်ပွဲရွှင်ပွဲများ အနေဖြင့် မုန့်အဝစားပြိုင်ပွဲ၊ လွန်ဆွဲ၊ ချောတိုင်တက်၊ ဂုန်နီအိတ်စွတ်ပြေး၊ ပူပေါင်းဖောက်၊ သံပုံးရိုက်၊ သုံးချောင်းထောက်ပြေး၊ ဖားခုန်၊ သံပုရာသီးဇွန်းကိုက်၊ ဖယောင်းတိုင်ထွန်းပြေး၊ လင်ဗန်းရွက်ပြေး စသည်ပြိုင်ပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် အလားတူပင် ပြည်သူ့ အားကစားကွင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးနေ့အထိမ်း အမှတ် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြခန်းများ ပြသသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါး အပ်ပါသည်။

Image may contain: sky and outdoor
Image may contain: outdoor
Image may contain: sky, tree, basketball court and outdoor
Image may contain: one or more people, crowd, grass, sky and outdoor
+3
Visitors: 8,447