ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ



မြစ်ကြီနား ဒီဇင်ဘာ(၂၃)
ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စတုတ္ထပတ်လူထု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၆)နာရီတွင် မြစ်ကြီးနားမြို့၌ ကျင်းပရာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများအကြီးအကဲများ နှင့် ဝန်ထမ်းများ၊ မြို့ပေါ်အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ စုစုပေါင်းအင်အား နှစ်သောင်းခွဲကျော်ခန့်သည် ပြည်သူ့ဆေးရုံထောင့် မီးပွိုင့် စုရပ်မှ ဆွမ်ပရာဘွမ်လမ်း၊ ဆမားလမ်း၊ အောင်ဆန်းလမ်း ထိုမှတဆင့် ရေစင်လမ်းမှ ရုံးကြီးလမ်းအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းသို့ ဝင်ရောက်ကြကာ ကိုယ် ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ (၁)နှင့် (၂)ကို စုပေါင်းလေ့ကျင့်ကြသည်။
ထို့နောက် လက်ဝှေ့နှင့် မြန်မာ့ရိုးရာခြင်းလုံးအလှပြကစားပြသကြရာ ပြည်နယ်ဗမာတိုင်း ရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဒိတ်(ခ)ဦးခင်မောင်မြင့်နှင့် ပြည်နယ်စာရင်းစစ်ချုပ်ဦးတင်လှိုင်တို့ က ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလ နောက်ဆုံးပတ်တွင် စုပေါင်းလမ်းလျှောက်သူများ အတွက် ငွေကျပ်(၁)သိန်းဆု(၅)ဆု၊ (၅)သောင်းဆု (၁၀)ဆု အပါအဝင် စုစုပေါင်း ငွေကျပ်သိန်း(၃၀) ဆုမဲများဖြင့် ကံစမ်းမဲအစီအစဉ်များ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်အားကစား နှင့်ကာယပညာဦးစီးဌာနမှ သိရှိရသည်။

Visitors: 8,447