ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ မြစ်ကြီနားမြို့၌ ကျင်းပ


မြစ်ကြီနား ဒီဇင်ဘာ(၁၆)
ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် တတိယပတ်လူထု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅)နာရီ(၄၅)မိနစ်တွင် မြစ်ကြီးနားမြို့၌ ကျင်းပရာ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများအကြီး အကဲများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ သူများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ မြို့ပေါ် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား နှစ်သောင်းကျော်ခန့်သည် ပြည်သူ့အားကစားကွင်းရှေ့ စုရပ်မှ သခင်နက်ဖေလမ်းမှ ဆမားလမ်း၊ ထိုမှတဆင့် ဆွမ်ပရာဘွမ်လမ်း၊ ရေစင်လမ်းမှရုံးကြီးလမ်း အတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းသို့ ဝင်ရောက်ကြ ကာကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ (၁)နှင့် (၂)ကို စုပေါင်းလေ့ကျင့်ကြသည်။
ထို့နောက်မြန်မာ့ရိုးရာခြင်းလုံးအလှပြကစားပြသကြရာ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးနေဝင်းက ဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

Visitors: 8,447