ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်ပံ့ပေးရေးလုပ်ငန်းများအတွက် ပထမအကြိမ်အဖြစ် ငွေကျပ်သိန်း (၃၀၀၀)နီးပါးထောက်ပံ့လှူဒါန်း



မြစ်ကြီးနား ဒီဇင်ဘာ(၁၁)
ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကချင် ပြည်နယ်အစိုးရအဖွဲ့သို့ ခရိုင်လူသားချင်းစာနာ ထောက်ပံ့ကူညီလှူဒါန်းမှု လုပ်ငန်းအဖွဲ့များနှင့် ဌာနဆိုင်ရာများ၊ ပြည်နယ်အတွင်းရှိ လုပ်ငန်းရှင်များစုပေါင်း၍ ပထမအကြိမ်အလှူငွေထောက်ပံ့ ပေးအပ်ပွဲကို ဒီဇင်ဘာ (၁၁)ရက် နံနက်(၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်လူသားချင်းစာနာထောက်ပံ့ကူညီလှူဒါန်းမှုဖြစ် မြောက်ရေးဦးစီးကော်မတီဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြော ကြားပြီး ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်လူသားချင်းစာနာထောက်ပံ့ကူညီလှူဒါန်းမှု လုပ်ငန်းအဖွဲ့များဖြစ် သည့် မြစ်ကြီးနား၊ မိုးညှင်း၊ ဗန်းမော်နှင့် ပူတာအိုခရိုင်များနှင့် အသင်းအဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်း ရှင်များကစုစုပေါင်းငွေကျပ်(၂၈၈၄၂၂၈၀၀)နှင့်တရုတ်ယွမ်(၁၀၂၀)ယွမ်တို့အားထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများက လက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ် ခဲ့ကြကာ ပြည်နယ်လူသားချင်းစာနာထောက်ပံ့ကူညီ လှူဒါန်းမှုလုပ်ငန်း ကော်မတီဥက္ကဌ၊ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ကျေးဇူးတင်စကားပြောကြားသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် အစိုးရ၊ ပြည်သူ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်မှုဖြင့် ပံ့ပိုးကူညီလှူဒါန်း ပေးနိုင်ရန် ပြည်နယ်လူသားချင်းစာနာထောက်ပံ့ကူညီလှူဒါန်းမှု ဖြစ်မြောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအား ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့်ထိ လုပ်ငန်းအဖွဲ့များ အဆင့် ဆင့်ဖွဲ့စည်းခဲ့ပြီး အလှူငွေများ လက်ခံရရှိရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့လှူဒါန်းမှုသည် ပထမအကြိမ် ထောက်ပံ့လှူဒါန်းမှုဖြစ်ကြောင်း သိရှိရသည်။

Visitors: 8,518