ပြည်နယ်/တိုင်းဒေသကြီး တင်းနစ်ကလပ်ပေါင်းစုံဖိတ်ခေါ်ပြိုင်ပွဲနှင့် တင်းနစ်ကွင်းသစ်ဖွင့်ပွဲအခမ်းအနားကျင်းပ



မြစ်ကြီးနား ဒီဇင်ဘာ(၁၁)
ပြည်နယ်အတွင်း အားကစားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေပြီး ထူးချွန်ထက်မြက် သည့် ပြည်နယ်လက်ရွေးစင်၊ နိုင်ငံလက်ရွေးစင် တင်းနစ်ကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့်ပြည်နယ်တင်းနစ်ကလပ်ပေါင်းစုံဖိတ်ခေါ် ပြိုင်ပွဲနှင့် တင်းနစ်ကွင်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ တင်းနစ် ကွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ယခုလို ပြည်နယ်နှင့် တိုင်း ဒေသကြီးတင်းနစ်ကလပ်ပေါင်စုံအားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အားကစားကို လူအများ စိတ်ပါဝင်စားလာပြီးကိုယ်တိုင်ကိုကျ လေ့လာလိုက်စားခြင်းဖြင့်ကျန်းမာကြံ့ခိုင်သောသူများ ဖြစ်လာ ကြမှာဖြစ်သလို အချင်းချင်းစည်းလုံးညီညွှတ်မှုရရှိပြီး အားကစားအသိပညာများ ဖလှယ်နိုင်ကြခြင်း ဖြင့် အားကစားလုပ်ငန်းများ ပိုမိုတိုးတက်လာစေမှာ ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက်တင်းနစ်ကွင်းသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊လူမှုရေးဝန်ကြီးဒေါက်တာသင်းလွင်၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် မြစ်ကြီးနားမြို့နယ် တင်းနစ် ကလပ်ဆပ်ကော်မတီဥက္ကဋ္ဌဦးအောင်မိုင်တို့က ကွင်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြိုင်ပွဲဝင်တင်းနစ်ကလပ်များမှ အသင်းသား/သူများအား လိုက်လံနှုတ်ဆက်အားပေး ကာ ပြည်နယ်တင်းနစ်ကလပ် ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းဘရန်က ပြိုင်ပွဲကျင်းပ ဆောင်ရွက်သွားမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းဒေသကြီးနှင့်ပြည်နယ် တင်းနစ်ကလပ်ပေါင်းစုံ ဖိတ်ခေါ်ပြိုင်ပွဲကို (၁၁.၁၂.၂၀၁၇)ရက်နေ့မှ (၁၅.၁၂.၂၀၁၇)ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည် ဖြစ်ပြီး ပထမဆုံးအကြိမ်ကျင်းပရခြင်းဖြစ်ပြီး ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးများနှင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့မှ တင်းနစ်ကလပ်ပေါင်း(၁၄)ခုဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ် ကြောင်း၊ အမျိုးသားအလွတ်တန်း၊ အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲ၊ သုံးယောက်တွဲပြိုင်ပွဲ စသည်ဖြင့် ပြိုင်ပွဲ(၈)မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ကာ ပြိုင်ပွဲအသီးသီးအတွက် ဆုကြေးငွေသိန်း (၈၀)ခန့် ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်တင်းနစ်ကလပ်ဆပ်ကော်မတီဥက္ကဋ္ဌထံမှ သိရှိ ရသည်။

Visitors: 8,528