ဒီဇင်ဘာအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ လူဦးရေနှစ်သောင်းနီးပါး ပါဝင်ဆင်နွဲ



မြစ်ကြီနား ဒီဇင်ဘာ(၉)
ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ဒုတိယပတ်လူထု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်(၆)နာရီတွင် မြစ်ကြီးနားမြို့၌ ကျင်းပရာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများအကြီးအကဲများ နှင့် ဝန်ထမ်းများ၊ မြို့ပေါ်အခြေခံပညာကျောင်း များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ၊ ပညာရေးကောလိပ်နှင့် သူနာပြုသင်တန်းကျောင်းများမှ သင်တန်းသား/သူများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ စုစုပေါင်းအင်အား နှစ်သောင်းနီးပါးခန့်သည် သခင်နက်ဖေလမ်းပြည်သူ့အားကစား ကွင်းရှေ့စုရပ်မှ ဆမားလမ်း၊ ထိုမှတဆင့် ဆွမ်ပရာဘွမ်လမ်း၊ ရေစင်လမ်းမှ ရုံးကြီးလမ်းအတိုင်း တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းသို့ ဝင်ရောက်ကြကာ ကိုယ် ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ (၁)နှင့် (၂)ကို စုပေါင်းလေ့ကျင့်ကြသည်။
ထို့နောက်တိုင်းဒေသကြီး/ပြည်နယ်အေရိုးဗစ်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ် ကိုယ်စားပြု လက်ရွေးစင်အေရိုးဗစ်အသင်းများက လေ့ကျင့်ခန်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့က ဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

Visitors: 8,447