(၁၈)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဆင်းတုတော်များ မြို့တွင်းလှည့်လည်ပူဇော်

 

မြစ်ကြီးနားမြို့ ဒီဇင်ဘာ(၄)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြည်နယ်၊ ခရိုင်၊ ရပ်ကွက်/ ကျေးရွာများအား နယ်မြေ ဒေသအေးချမ်းသာယာပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် ရည်ရွယ်၍ နှစ်ကျိပ်ရှစ်ဆူ ဆင်းတုတော်များကို မြို့ပေါ်ရပ်ကွက် အသီးသီးတွင် ယာယီကိန်းဝပ်စံပ္ပါယ်တော်မူစေပြီး ဒီဇင်ဘာ (၃)ရက်ညနေ(၄)တွင် ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍(၁၈)ကြိမ်မြောက်နှစ်ကျိန်ရှစ်ဆူဆင်းတုတော် များ မြို့တွင်းလှည့်လည်ပူဇော်ပွဲကို ကျင်းပရာ ရပ်ကွက်အသီးသီးမှ ဆင်းတုတော်များကို ဌာနဆိုင် ရာများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများကမော်တော်ယာဉ်များဖြင့်ပင့်ဆောင်ကြကာ သာသနာ့ဗိမ္မာန် တော်ကြီးမှ စတင်၍ မြို့တွင်းလှည့်လည် ပူဇော်ကြရာ နှစ်ကျိပ်ရှစ်ဆူဆင်းတုတော်များ ပင့်ဆောင် ရာလမ်း တစ်လျှောက်တွင် ဗုဒ္ဓဘာသာဝင်များက ဖူးမျှော်ကြည်ညိုခဲ့ကြပြီး အလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

Visitors: 8,518