တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး(ယာယီရုံး)ဖွင့်လှစ်

မြစ်ကြီးနား ဒီဇင်ဘာ(၂)
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ကချင်ပြည်နယ်အတွင်းရှိတိုင်းရင်းသားလူမျိုး များ၏ လူမှုဘဝ၊စာပေ၊ ယဉ်ကျေးမှု၊ ရပိုင်ခွင့်နှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများ ပိုမိုရရှိရေး ဆောင်ရွက်ပေးနိုင်ရန် ပြည်နယ်အစိုးအဖွဲ့ ရုံးဝင်းအတွင်း၌ ကချင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး (ယာယီရုံး)ဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီတွင် အဆိုပါရုံးရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြသည်။
ဖွင့်ပွဲအခမ်းအနားကို ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က နိုင်ငံအကျိုး၊ ဒေသအကျိုးသယ်ပိုးဆောင်ရွက်ဖို့ရန်အတွက် တိုင်းရင်းသား ပေါင်းစုံနေထိုင်သည့် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားတို့၏ လိုအပ်ချက်တစ်စိတ်တစ်ဒေသ ကဏ္ဍများကို တာဝန်ယူထမ်းဆောင်ပေးမည့် ဌာနအသစ်တစ်ခုကို ပြည်နယ်အစိုးရအဖွဲ့ အောက်မှာ ဖွင့်လှစ်နိုင်ပြီဖြစ်ပါကြောင်း၊ဒါအပြင်တိုင်းရင်းသားများ၏လူမှုဘဝ၊စာပေ၊ယဉ်ကျေးမှု၊ ရပိုင်ခွင့်များ တိုးတက်ရရှိရေးအတွက် ဆောင်ရွက်နိုင်တော့မည်ဖြစ်သည့်အတွက် ပြည်နယ်အတွင်းရှိတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့အစည်း အသီးသီးတို့အနေဖြင့် အခွင့်အရေးဆိုင်ရာနစ်နာ ဆုံးရှုံးမှုများရှိပါ က ဥပဒေလုပ်ထုံး လုပ်နည်းများအတိုင်း အကူအညီရရှိစေရေး ဆက်သွယ်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများနှင့် ဝန်ကြီးဌာမှ ဝန်ထမ်းများနှင့် မိတ် ဆက်ပေးကြပြီး လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအားတီယောဟန်က ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ရည်ရွယ်ချက်များနှင့် ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်း သားလူမျိုးများဘဝမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးသီးတို့က ပူးပေါင်းပါဝင်ပေးကြရန် ပြောကြားသည်။
ယနေ့ ဖွင့်လှစ်လိုက်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး ကို ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ လူမှုဘဝ၊ စာပေ၊ ယဉ်ကျေးမှု၊ ရခိုင်ခွင့်နှင့် တိုင်း ရင်းသားအခွင့်အရေးဆိုင်ရာများ ပိုမိုရရှိရေး ဆောင်ရွက်ပေးနိုင်ရန် ပြည်နယ်အစိုးအဖွဲ့ရုံးဝင်း အတွင်း၌ ယာယီဖွင့်လှစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်း ရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်ရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာန(၂)ခုဖြင့် ဖွင့်လှစ်ထားရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရုံးသစ်ကိုဆောက်လုပ် သွားမည်ဖြစ်ကြောင်းသိရှိရသည်။

Visitors: 8,447