ဒီဇင်ဘာအားကစားလ ပထမပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ကျင်းပ

မြစ်ကြီနား  ဒီဇင်ဘာ(၂)

        ကချင်ပြည်နယ် ဒီဇင်ဘာအားကစားလ လူထုအားကစားလှုပ်ရှားမှုအဖြစ် ပထမပတ်လူထု စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက်(၆)နာရီတွင် မြစ်ကြီးနားမြို့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးထွန်းတင်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၄င်းတို့၏ဇနီးများ၊ ပြည်နယ် / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်အခြေခံပညာကျောင်း များမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/သူများ၊ ပညာရေး ကောလိပ်နှင့် သူနာပြုသင်တန်း ကျောင်းများမှသင်တန်းသား/သူများ၊မြို့ပေါ်ရပ်ကွက်နေပြည်သူများစုစုပေါင်းအင်အား တစ်သောင်း နီးပါးခန့်သည် သခင်နက်ဖေလမ်းမှ ပြည်ထောင်စုလမ်း၊ ထိုမှတဆင့် ဆွမ်ပရာဘွမ်လမ်း၊ ရုံးကြီး လမ်းအတိုင်း တစ်ပျော်တစ်ပါးစုပေါင်းလမ်းလျှောက်ကြပြီး ပြည်သူ့အားကစားကွင်းသို့ဝင်ရောက်ကြကာ ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်းအတွဲ(၁)နှင့်(၂)ကို စုပေါင်းလေ့ကျင့်ကြသည်။

           ထို့နောက်မြို့ပေါ်အခြေခံပညာကျောင်းများမှ ကျောင်းသူလေးများက အေရိုးဗစ်လေ့ကျင့်ခန်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

    ဒီဇင်ဘာအားကစားလ လူထုလမ်းလျှောက်ပွဲများကို ယခုနှစ်တွင် အပတ်စဉ်စနေနေ့တိုင်း (၅)ကြိမ် ကျင်းပသွားမှာဖြစ်ပြီး ဒီဇင်ဘာနောက်ဆုံးပတ်မှ စတင်ပြီး လွှတ်လပ်ရေးနေ့ အထိ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်(ကျား၊မ) ဘောလီဘော၊ တင်းနစ်နှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကိုလည်း လူထုလှုပ်ရှားမှု အားကစားပြိုင်ပွဲများအဖြစ် ထည့်သွင်းကျင်းပပြုလုပ်သွားမှာဖြစ် ကြောင်း ပြည်နယ် အားကစား နှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။

 

 

Visitors: 8,447