လူနာချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးလုပ်ငန်းအတွက် ငွေကျပ်သိန်း(၁၀၀)ထောက်ပံ့ပေးအပ်

မြစ်ကြီးနား နိုဝင်ဘာ(၂၈)


ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ ပေးရေးလုပ်ငန်းများအတွက် အလှူငွေထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လူသားချင်းစာနာ ထောက်ပံ့ကူညီလှူဒါန်းမှုဖြစ်မြောက်ရေး ဦးစီးကော်မတီ ဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က အမှာစကားပြောကြားပြီး ဒေါက်တာဇော်ဝမ်း(Asia Boom Co.,Ltd)မှ ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေးလုပ်ငန်းအတွက် လှူဒါန်းငွေ ကျပ်သိန်း(၁၀၀)အား ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ကာ ပြည်နယ် လူသားချင်းစာနာထောက်ပံ့ကူညီလှူဒါန်းမှု လုပ်ငန်း ကော်မတီဥက္ကဌ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်က ကျေးဇူးတင်စကား ပြောကြား သည်။
ယင်းသို့ ထောက်ပံ့လှူဒါန်းရခြင်းနှင့် ပတ်သက်၍ Asia Boom Co.,Ltd အနေဖြင့် ကချင်ပြည်နယ်သူ/ ပြည်နယ်သားများကလည်း ရခိုင်ပြည်သူများအတွက် လူသားချင်းစာနာထောက် ထားပြီး အကူအညီပေးလိုတဲ့အတွက် ယခုလို မိမိတို့ တတ်နိုင်သလောက်ကို ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ကုမ္ပဏီကိုယ်စား လာရောက်လှူဒါန်းပေးသည့် ဒေါက်တာထွယ်လုက ရှင်းလင်းပြော ကြားသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် အစိုးရ၊ ပြည်သူ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပူးပေါင်းပါဝင်မှုဖြင့် ပံ့ပိုးကူညီလှူဒါန်း ပေးနိုင်ရန် ပြည်နယ်လူသားချင်းစာနာထောက်ပံ့ကူညီလှူဒါန်းမှုဖြစ်မြောက်ရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအား ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအဆင့်ထိ အဆင့်ဆင့်ဖွဲ့စည်းခဲ့ပြီး အလှူငွေများ လက်ခံရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

Visitors: 8,518