ပြည်နယ်ဝန်ကြီးချုပ် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား နိုဝင်ဘာ(၂၅)


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ မြို့တွင်းလမ်းများ တိုးချဲ့ဆောင်ရွက်မည့်အခြေအနေကို ယနေ့နံနက်(၉)နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည် နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူကွင်းဆင်းစစ်ဆေးကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်း၌ စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့် ဝဏ္ဏကျော်ထင်လမ်း ပေ(၅၄၀၀)အား ကတ္တရာခင်းခြင်း လုပ်ငန်းနှင့် ကွန်ကရစ်ရေပြွန်(၂)စင်း ဆောင်ရွက်မည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး သီတာ ရပ်ကွက် မီးပွိုင့်ထောင့်လမ်းစုံမှစတင်၍ လမ်းလယ်ကျွန်း သံပန်းတပ်ဆင်ဆောင်ရွက်မည့် အခြေအ နေတို့ကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ဧရာရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းဘေးလမ်းအား လမ်းတိုးချဲ့၍ ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်သွားမည့် အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က မြို့သာယာလှပစေရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် လုပ်ငန်း များဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများအား အသိပေးရှင်းလင်း၍ ညှိနှိုင်းဆောင်ရွက်သွား ကြရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

Visitors: 8,518