ကချင်ပြည်နယ်အတွင်း ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများ မြှင့်တင်နိုင်ရေး ကုန်သည်လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား နိုဝင်ဘာ(၂၆)


ကချင်ပြည်နယ်အတွင်း ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင် ရေးနှင့် ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံနယ်စပ်တို့အကြား ကုန်သွယ်ရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများတို့က ပြည်နယ်အတွင်းရှိ ကုန်သည်လုပ်ငန်းရှင် များနှင့် တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ(၂၆)ရက် နံနက်(၁၀)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန၏ လုပ်ငန်းများနှင့် မြန်မာနိုင်ငံ ၏ စီးပွားရေး၊ ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို ရှင်းလင်းပြောကြား ပြီး ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စီးပွားရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတိုးမြှင့်ဆောင် ရွက်နေမှုများ နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ကုန်သည် လုပ်ငန်းရှင်များက စီပွားရေးလုပ်ငန်းများနှင့် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်ရာ တွင်ရင်ဆိုင်ကြုံရသည့် အခက်အခဲများနှင့်ဖြေရှင်းဆောင်ရွက်နိုင်မည့် အကြံပြုဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများကပြန်လည်ရှင်းလင်းဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က ဖြေလျော့ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဖြေရှင်းပေးခဲ့ကြသည်။

Visitors: 8,447