မံစီမြို့နယ်အတွင်းရှိ စစ်ရှောင်မိသားစုများအား တန်ဖိုးနည်းအိမ်ရာသို့ရွေ့ပြောင်းနေရာချထား

ဗန်းမော် နိုဝင်ဘာ(၁၉)


ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်အတွင်းရှိ စစ်ရှောင်မိသားစုများအား ရိခူးမံခံကျေးရွာ ရှိ တန်ဖိုးနည်းအိမ်ရာသို့ ပြောင်းရွေ့နေရာချထားပေးခြင်းနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းတို့ကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက သွားရောက်ထောက်ပံ့နေရာချထား ပေးခဲ့ကြသည်။
အဆိုပါ စတင်ရွေ့ပြောင်းနေထိုင်မည့် စစ်ရှောင်မိသားစုများအား နေရာချထားပေးခြင်းနှင့် ပြန်လည်ထူထောင်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးက မိမိတို့ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ် အတွင်းရှိ စစ်ရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်သူများအား ၄င်းတို့၏ဆန္ဒနှင့်အညီ နေရပ် သော်လည်းကောင်း၊ ပြန်လည်ထူထောင်ရေးစခန်းများတွင်လည်းကောင်း ပြန်လည်အခြေချနေထိုင်နိုင် ရေးအတွက် အသက်မွေးဝမ်းကြောင်း ပညာရပ်များသင်ကြားပေးခြင်းတို့အပြင် ယခုလိုအခြေချနေထိုင် မည့်မိသားစုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက်ရွေ့ပြောင်းနေထိုင်မည့် မိသားစု(၁၇)စုတို့အတွက် ပြည်နယ်ဝန်ကြီးက ပြည်နယ် အစိုးရအဖွဲ့မှထောက်ပံ့သည့်ဆန်အိတ်(၂၀)၊အနွေးထည်(၆၁)စုံ၊ပြည်နယ်ပညာရေးမှူးက ကျောင်းသား/ သူများအတွက် ကျောပိုးအိတ်နှင့် စာရေးကိရိယာ(၆၁)စုံ၊ ပြည်နယ်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မိသားစုသုံးပစ္စည်း(၉)မျိုးပါ (၁၇)ပုံးနှင့် ဆန်ရိက္ခာဘိုးငွေ (၁၇၆၄၀၀/-)ကျပ်နှင့် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ အိမ်ထောင်စု(၁၇)စုအတွက် တစ်ကိုယ်ရေးသန့်ရှင်း ရေးသုံးပစ္စည်းများနှင့် အမျိုးသမီးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြရာ စစ်ရှောင်မိသားစုများ ကိုယ်စားကျေးဇူးတင်စကားပြောကြားသည်။
အဆိုပါ စစ်ရှောင်မိသားစုများအတွက် ရွေ့ပြောင်းနေရာချထားပေးသည့် တန်ဖိုးနည်းအိမ်ရာ စခန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အိမ်အလုံးရေ (၈၇)လုံးနှင့် စက်ရေတွင်း ဆောင်ရွက်ထားရှိပြီး မီးရရှိရေးအတွက် လျှပ်စစ်မှ 11KVA ဓာတ်အား လိုင်းနှင့် 50KVA ထရန်စဖော်မာတစ်လုံးကို တပ်ဆင်၍ ၄၀၀ ဗို့လိုင်းတပ်ဆင်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်းသိရှိရသည်။
ထိုမှတဆင့် ပြည်နယ်ဝန်ကြီးသည် ဗန်းမော်မြို့ ဖန်းခါးကုန်းနှစ်ခြင်းဘုရားကျောင်းဝင်းအတွင်း ရှိ စစ်ရှောင်စခန်း ရှိ မိသားစုများအား တွေ့ဆုံအားပေးပြီး ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှ အိမ်ထောင်စု များအတွက် ပထမအရစ်ထောက်ပံ့ငွေအဖြစ် အိမ်ထောင်စု(၆၄)စုအတွက် တစ်အိမ်ထောင်လျင် ငွေကျပ်(၉၀၀၀၀)စီ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

Visitors: 8,518