မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ်လူနာတင်ယာဉ် (၁)စီး ပေးအပ်လှူဒါန်း

မြစ်ကြီးနား နိုဝင်ဘာ(၁၇)


ကချင်ပြည်နယ်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးအတွက် မန်းပြည်တံခွန်ကုမ္ပဏီမှ အရေးပေါ် လူနာတင်ယာဉ်(၁)စီးကို ယနေ့နံနက်ပိုင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းခဲ့သည်။
အဆိုပါ အရေးပေါ် လူနာတင်ယာဉ် ပေးအပ်လှူဒါန်းသည့်အတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်ချက်ရှိသော အရေးပေါ်လူနာတင်ယာဉ် ထောက်ပံ့ပေးအပ်လှူဒါန်းသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိကြောင်းပြောကြားရာ လူနာတင်ယာဉ်ထောက်ပံ့လှူဒါန်းသည့် ပြည်တံခွန်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးသီဟက အရေးပေါ် လူနာတင်ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်း များကို လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများက ထောက်ပံ့လှူဒါန်းပေးအပ်သည့် အရေးပေါ်လူနာတင်ယာဉ်အား လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြသည်။

Visitors: 8,518