အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ လုံခြုံလျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ရန် ICT and Cyber Security Training သင်တန်းဖွင့်လှစ်

မြစ်ကြီးနား နိုဝင်ဘာ(၁၄)
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မိမိတို့နှင့်ကိုက်ညီသည့် နည်းပညာတွေကို ညှိနှိုင်းအဖြေ ရှာထား နိုင်ဖို့ရန် ဆိုသည့် ရည်ရွယ်ချက်အပြင် နိုင်ငံတော်၏ပြုပြင်ပြောင်းလဲမှုများနှင့်အတူ ခေတ်မီနည်းပညာ တွေကို အစိုးရ၏အုပ်ချုပ်ရေးပိုင်းတွင် အသုံးချပြီး တိုးတက်အောင် လုပ်ဆောင်လာသည့်အချိန်တွင် ပြည်နယ်အတွင်းရှိ ပြည်သူ့ဝန်ထမ်းများအနေဖြင့် နည်းပညာတွေကို ရင်းနှီးကျွမ်းဝင်ပြီး အသုံးချနိုင် ဖို့ရန်အတွက် ယခုလိုစီစဉ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းဖြင့် ယနေ့ မွန်းလွဲ(၃)နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ဖွင့်လှစ်သည့် ICT and Cyber Security Training သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း အင်တာနက်ဆက်သွယ်ရေးကို အုပ်ချုပ်ရေးပိုင်း တွင် အကျိုးရှိစွာဖြင့် နည်းလမ်းမှန်ကန်စွာအသုံးချနိုင်မှသာလျှင် အစိုးရအဖွဲ့နှင့်ဌာနများ၏ အရေးကြီး သတင်းအချက်တွေကို ကာကွယ်နိုင်မှာဖြစ်ကြောင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ရယူသိရှိဖြန့်ဝေပေးနိုင်ဖို့ရန်နှင့် ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဝန်ထမ်းများအတွက် ယခုသင်တန်းသည် e-Government စနစ် အပြောင်းအလဲအတွက် အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ကြောင်း ထပ်ဆင့် ပြောကြားသည်။
ယင်းနောက် သင်တန်းနည်းပြဆရာ The Door Institute Technology For Community မှ ဦးရန်နိုင်ဦးက သင်တန်းနှင့်ပတ်သက်၍ ပို့ချသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဦးစီးဌာနများနှင့် တပ်ရင်း/တပ်ဖွဲ့များမှ အရာထမ်းဝန်ထမ်းများ အတွက် The Door Institute Technology For Community နှင့် ပူးပေါင်း၍ ၂၁.၁၁.၂၀၁၇ ရက်နေ့အထိ (၁)ပတ်ကြာ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အရေးပါသည့် သတင်းအချက်အလက်များ မပေါက်ကြားစေရန်၊ လုံခြုံရေးနည်းလမ်းများ၊ စာရွက်စာတမ်းများ မည်သို့သိမ်းဆည်းကာကွယ်ရန်နည်းလမ်းများ၊ Internet ၊ Email အသုံးပြု၍ လုပ်ငန်းများ လျင်မြန်ချောမွေ့လုံခြုံစွာ ဆောင်ရွက်နိုင်သည့်နည်းလမ်းများကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။

Visitors: 8,447