ရေမဆေးကျောက်ရှာဖွေရေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့် စီမံချက်ဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး


မြစ်ကြီးနား နိုဝင်ဘာ(၁၃)
ကချင်ပြည်နယ်၊ ဖားကန့်ဒေသရှိ ရေမဆေးကျောက်ရှာဖွေရေးလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည့် စီမံချက်ဆိုင်ရာ ကိစ္စရပ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း သစ်၌ ကျင်းပသည်။
ယင်းညှိနှိုင်းဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာန ဆိုင်ရာအကြီးအကဲများနှင့် ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန် ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ဆွေးနွေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရေမဆေးကျောက်ရှာဖွေရေးလုပ်ငန်းဆောင်ရွက်ခြင်း နှင့်ပတ်သက်၍ ဆောင်ရွက်မည့် စီမံချက်ဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။
ယင်းနောက် အခမ်းအနားတက်ရောက်လာကြသူများက စီမံချက်တွင်ပါဝင်ရမည့်ကိစ္စရပ်များ နှင့်စပ်လျဉ်း၍အကြံပြုဆွေးနွေးတင်ပြကြပြီးဒုတိယဝန်ကြီးဖြည့်စွက်တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီးတို့က ညှိနှိုင်းဆောင်ရွက်ရမည့် လုပ်ငန်းကို သုံးသပ်ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်း မိုင်းထိခိုက်ဒဏ်ရာရရှိသူ (၆) ဦး တို့အား ထောက်ပံ့ငွေကျပ် (၂)သိန်းစီနှင့် သေဆုံးခဲ့သည့် ရဲတပ်ဖွဲ့ဝင်မိသားစုအတွက် ထောက်ပံ့ငွေ ကျပ် (၇)သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။



Visitors: 8,527