မြို့အင်္ဂါရပ်နှင့်အညီ မြစ်ကြီးနားမြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား နိုဝင်ဘာ(၁၁)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့တွင်းလမ်းများကို မြို့ အင်္ဂါရပ်နှင့် အညီ အဆင့်မြှင့်တင်ဆောင်ရွက်နေမှုနှင့် လမ်းလယ်မီးတိုင်များစိုက်ထူနေမှုတို့ကို ယနေ့နံနက်ပိုင်းတွင် ပြည် နယ်ဝန်ကြီးချုပ်ဒေါက်တာ ခက်အောင် သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အ တူကွင်းဆင်းစစ်ဆေး ကြသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)ရဲစခန်းရှေ့၌ သခင်နက်ဖေလမ်းတစ် လျှောက်စီတာပူ ရပ် ကွက်၊ မီးပွိုင့်မှ မြို့မရပ်ကွက်၊ ပြည်နယ်မီးသတ်ရုံးအထိ လမ်းလယ်မီးတိုင်များ စိုက်ထူနေမှုနှင့်၄၀၀ဗို့အား မြေမြှုပ်မီး လိုင်း များဆောင်ရွက်နေမှု ကိုကြည့်ရှုစစ်ဆေးပြီး ခရေပင်လမ်း၊စျေးကြီးလမ်းနှင့် သခင်နက်ဖေလမ်းတစ်လျှောက် ကတ္တ ရာလမ်းခင်းကျင်းနေမှုနှင့် လမ်းဘေးဝဲ/ ယာ ရေနှုတ်မြောင်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကြသည်။


ယင်းနောက် အောင်နန်းရပ်ကွက်၊ အထက(၂)ကျောင်းအနီး လမ်းတိုးချဲ့၍ ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက် မည့်အခြေအနေနှင့် လမ်းအဝိုင်း ပတ်ဆောင်ရွက်မည့်အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး ဧရာရပ်ကွက်၊ ဆမားလမ်း တစ်လျှောက် လမ်းဦးစီးဌာန မှရေနှုတ်မြောင်း ဆောင်ရွက်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီး ချုပ်က မြို့အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင် ဆောင်ရွက် ရသည့်လုပ်ငန်းများ ဖြစ်၍ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြား ခဲ့သည်။

Visitors: 8,447