အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကချင်ပြည်နယ်၌ ကျင်းပ

မြစ်ကြီးနား နိုဝင်ဘာ (၇)

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမသစ်၌ ကျင်းပခဲ့ပြီး အငြိမ်းစားဝန်ထမ်းများ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန် စွာအောင်မြင်ခဲ့သည့် ဝန်ထမ်းများ၏ သား/သမီး၊ ကျောင်းသား/သူများနှင့် ဝန်ထမ်းများအား ဂုဏ်ပြုဆုများချီးမြှင့် ပေးအပ်ခဲ့သည်။

 အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေး ဝန်ကြီး ဌာနကို တာဝန်ခံပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်ကို တာဝန်ယူဆောင်ရွက်ရသည့် အတွက် ကောင်းမွန်သည့် အုပ်ချုပ်ရေးနှင့် သန့်ရှင်းသော အစိုးရစနစ်ကို လက်တွေ့ ကျင့်သုံး ဖော်ဆောင်ရာတွင် ဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက ခေတ် စနစ်နှင့်အညီ ဒီမိုကရေစီအုပ်ချုပ်ရေးအသွင်သစ်ကို ပြည်သူများနှင့် အတူ ပူးပေါင်းပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများကို ထိရောက် အောင်မြင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသည့် မူဝါဒများနှင့် အညီ ခေတ်မီဖွံ့ဖြိုး တိုးတက် သော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပေါ်ပေါက်လာစေရန် ဝန်ထမ်းအားလုံးက ကြိုးပမ်းအကောင် အထည်ဖော် ဆောင်ရွက် ရမည်ဆို သည့် အသိထားကြရန် လိုအပ်ပါကြောင်းဖြင့် တိုက်တွန်းမှာကြားသည်။

 ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ထွက်စွပ်အင်္ကျီများ ထောက်ပံ့ ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဌာနခွဲစာရေး ဒေါ်ခင်စန်းဝင်း က ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြည်နယ်ဝန်ကြီးချုပ်၊ လွှတ်တော်ဥက္ကဌ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အငြိမ်းစားဝန်ထမ်းများကို အမှတ်တရ လက်ဆောင်များ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။

 ဆက်လက်၍ အခမ်းအနားဒုတိယပိုင်းတွင် ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြား ရေးမှူး များက ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ဝန်ထမ်း သား/သမီး ကျောင်းသား/ သူများ၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့မှ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့အထိ ခွင့်မယူသည့် ဝန်ထမ်းများနှင့် ဝန်ထမ်းအိမ်ရာဆုရရှိသူ ဝန်ထမ်းများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

 

Visitors: 8,527