ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များအညီ နေထိုင်သွားလာ‌စေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌‌‌‌‌ ဟောပြောပွဲကျင်းပပြုလုပ်

 ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များအညီ နေထိုင်သွားလာ‌စေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌‌‌‌‌ ဟောပြောပွဲကျင်းပပြုလုပ်

မြစ်ကြီးနား                 ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်များသို့  ကူးသန်း သွားလာလျက်ရှိသော ကုန်သွယ်ယာဥ်မောင်းများ၊ ယာဥ်နောက်လိုက်များနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာ‌စေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌‌‌‌‌ ဟောပြောပွဲအား ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာရှိ KEP Logistics Co,ltd အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ   ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက တက်ရောက် အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးကာလအတွင်း တရုတ်-မြန်မာ ကုန်သွယ်ရေးစခန်းနှင့် နယ်စပ်ဂိတ်များသို့ ဖြတ်သန်းသွားလာလျက်ရှိတဲ့ ယာဥ်မောင်းများ၊ ယာဥ်နောက်လိုက် များအနေဖြင့် နှစ်နိုင်ငံသဘောတူထားတဲ့ စည်းမျဥ်း စည်းကမ်းများနှင့်  ကျန်းမာ‌ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များအား တစ်ဦးချင်းတိကျစွာ လိုက်နာရန်လိုအပ်ကြောင်း၊ ကုန်စည် သိုလှောင် စခန်းများနှင့် ယာဥ်ရပ်နားစခန်းများ၌ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ ကုမ္ပဏီဝန်ထမ်းများအနေဖြင့်လည်း ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရန်လိုအပ်ကြောင်း ကိုဗစ်-၁၉ရောဂါအား အောင်မြင်စွာ ထိန်းချုပ် နိုင်မှသာ နယ်စပ်ဂိတ်များမှ ပြည်တွင်းကုန်စည်များ လွယ်ကူလျင်မြန်စွာ စီးဆင်းနိုင်မည်ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ယင်းနောက် တက်ရောက်လာသော ဝိုင်းမော်မြို့နယ်အတွင်းရှိ ကုန်သွယ်ရေးကုမ္ပဏီများမှ တာဝန်ခံများက တစ်ဦးချင်းမိတ်ဆက်ပြီး ၎င်းတို့၏ ကုမ္ပဏီများအတွင်း ကိုဗစ်-‌၁၉ရောဂါ ကာကွယ်ရေး ဆောင်ရွက်ထားမှု အခြေအနေများအား တင်ပြဆွေးနွေးသည်။   

ထို့နောက် ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါက်တာသိန်းမြို့က နှစ်နိုင်ငံကုန်သွယ်ရေးစခန်းများသို့ ဖြတ်သန်းသွားလာလျက်ရှိသော ယာဥ်မောင်းများ ယာဥ်နောက်လိုက်များ အားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးများ မဖြစ်မနေထိုးထားရန် လိုအပ်ကြောင်း ၊ လတ်တလောကူးစက်ပြန့်နှံ့ ဖြစ်ပွားလျက်ရှိသော ကိုဗစ်မျိုးကွဲသစ်ဖြစ်သော အိုမီခရွန် ဗိုင်းရပ်စ်အကြောင်း အသိပညာပေး‌ပြောကြားပြီး အဆိုပါ ရောဂါပိုး ကူးစက်မှုအား ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးဆိုင်ရာအသိပညာများအား‌‌‌ ‌ဟောပြောပို့ချခဲ့သည်။

အဲဒီနောက် အမှတ်၉၈ ယာဥ်ထိန်းရဲတပ်ဖွဲ့စု(မြစ်ကြီးနား)မှ တပ်ဖွဲ့စုမှူး၊ ဒုရဲမှူး နိုင်အောင်သူမှ တက်ရောက်လာသော ယာဥ်မောင်း၊ ယာဥ်ကြီးကြပ်နှင့် ယာဥ်နောက်လိုက်များအား ယာဥ်တိုက်မှုဖြစ်ပွားမှု အကြောင်းအရင်းများ ၊ ယာဥ်မတော်တဆမှုများ၊ ယာဥ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာများအား ဟောပြောပို့ချခဲ့ပြီး ယာဥ်အန္တရာယ်ကင်းရှင်း‌ရေးနှင့် မော်‌တော်ယာဥ် စီမံခန့်ခွဲမှုဥပ‌ဒများ ပါဝင်သည့်လက်ကမ်း စာဆောင်များအား ပေးဝေခဲ့ကြောင်း သတင်းရရှိသည်။