မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုဗစ်စင်တာများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အင်အားဖြည့် အစားအစာများနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့

 မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုဗစ်စင်တာများအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ အင်အားဖြည့် အစားအစာများနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့

မြစ်ကြီးနား     အောက်တိုဘာ ၂၃

          နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ကချင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုဗစ်စင်တာများသို့ အင်အားဖြည့်အစားအစာများနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများကို အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

          ကိုဗစ်စင်တာများသို့ အင်အားဖြည့်အစားအစာများနှင့် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်ခြင်းကို ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းနှင့် ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမျိုးသန့်နှင့် တာဝန် ရှိသူများက မြစ်ကြီးနားမြို့ ပညာရေးကောလိပ် (၄)ထပ်အဆောက်အဦတွင် ဖွင့်လှစ်ထားသည့် ကိုဗစ် အတည်ပြုလူများများ စောင့်ကြပ်ကြည့်ရှုရေးစင်တာ၌ မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုဗစ် စင်တာများအတွက် စုစုပေါင်းတန်ဖိုးငွေကျပ်  ၅၀၅၀၀၀ တန်ဖိုးရှိ နှာခေါင်းစည်း Mask ၅၀ ဗူး၊ Hand Gel ဗူး ၃၀ ၊ Hand Gel Spray ဗူး ၅၀ ၊ လက်အိတ် ၅ ဗူး၊ ခေါက်ဆွဲခြောက် ၅ ဖာ၊ ရေသန့် ၁၅ ကဒ်နှင့် ကြက်ဥအလုံး ၃၉၀ ကို ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာတင့်နိုင်ထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ဗန်းမော်ခရိုင်နှင့် ပူတာအိုခရိုင်အတွင်းရှိ ကိုဗစ်စင်တာများအတွက်ကိုလည်း ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။