ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့်ဆွေးနွေးပွဲ၊ ကချင်ပြည်နယ် ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း(MCEF)၏ နှစ်ပတ်လည်အသင်းသားစုံညီ ညီလာခံ နှင့် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ ဘောလုံးနှင့်ပိုက်ကျော်ခြင်း ဆုချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဇန်နဝါရီ ၁၇           ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် Grade-12 သင်ကြားသင်ယူမှု ထိရောက်ရေး မြစ်ကြီးနားတက္ကသိုလ်မှ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများနှင့် အခြေခံပညာအထက်တန်းအဆင့် ဆရာ၊ ဆရာမများ၏  အရည်အသွေးမြှင့် ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အနေဖြင့် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံး ပထမဆင့်ရရှိပြီး အမှတ်ကောင်းကောင်းနှင့် ဂုဏ်ထူးအများဆုံးရရှိအောင် ဆောင်ရွက်ရန် ရည်ရွယ်ထားသည့်အတွက် သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများ၏ ဘာသာရပ်စွမ်းရည်အလိုက် သင်ကြားသင်ယူမှု အရည်အသွေးများကို မြှင့်တင်ပေးရန် Face To Face ဆွေးနွေးကို ယခု ဒုတိယအကြိမ် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ စာမေးပွဲနှင့်ပတ်သက်သည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားလေဆိပ်၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးစီမံချက်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား၊ ကချင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့၏ ဈေးရောင်းပွဲတော်နှင့် ဗန်းမော်တက္ကသိုလ်ဝန်ထမ်းများနှင့် ယာယီတိမ်းရှောင်အိမ်ထောင်စုများအား ထောက်ပံ့

မြစ်ကြီးနား     ဇန်နဝါရီ ၁၆           ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် မြစ်ကြီးနားလေဆိပ်တို့ ပူးပေါင်း၍ လေဆိပ်မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် မီးဘေးလုံခြုံရေးစီမံချက်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားလေဆိပ်အဆောက်အအုံ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။           ရှေးဦးစွာ လေဆိပ်ခန်းမဆောင်၌ လေဆိပ်ဝန်ထမ်းများနှင့် လေဆိပ်တာဝန်ကျဝန်ထမ်းများအား ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဇော်ဦးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ မီးငြိမ်းသတ်ရေးနည်းလမ်းများ၊ လျှပ်စစ်မီးလောင်မှုအကြောင်း၊ ရုံးများတွင် ထားရှိရမည့် မီးငြှိမ်းသတ်ရေးပစ္စည်းများ၊ မီးသတ်ဆေးဗူးအမျိုးအစားအလိုက် မီးငြှိမ်းသတ်နိုင်သည့် နည်းလမ်းများ၊ လေဆိပ်များတွင် မီးဘေးကြိုတင် ကာကွယ်ရေးအကြုံပြုတင်ပြချက်များနှင့် ရှောင်ရန်အချက်အလက်များကို ပါဝါပွိုင့်ဖြင့် အသိပညာပေးဟောပြောခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လေဆိပ်မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်သွားရမည့် နည်းလမ်းများအား သုံးသပ်ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြသည်။           ထို့နောက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးနစ်မြှုပ်မှုမှ ကာကွယ်ရေးအတွက် ဗလမင်းထင်တံတားအောက် သောင်တူးဖော်ခြင်း လုပ်ငန်းစတင်ဆောင်ရွက်နိုင်ရေးနှင့် သတ်မှတ် ဒီဇိုင်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ တူးဖော်နိုင်ရေး ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ   ၁၅           ကချင်ပြည်နယ်အတွင်း နှစ်စဉ် မိုးရာသီရောက်တိုင်း ဧရာဝတီမြစ်ရေကြီးရေလျှံမှုကြောင့် မြစ်ကြီးနားမြို့သည် ရေကြီးနစ်မြှုပ်မှုဒဏ်ကို ခံစားရလေ့ရှိသည်အတွက် ပြည်နယ်အစိုးရအဖွဲ့ အနေ ဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် အဓိကစီမံကိန်းလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် မြစ်ကြောင်းဖြောင့်တန်းစေပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် ဗလမင်းထင်တံတားအောက်ရှိ သောင်တူးခြင်းလုပ်ငန်းအား ယနေ့ နံနက် ၈ နာရီက လုပ်ငန်းစတင် ဆောင်ရွက်ခြင်း အခမ်းအနားကို အဆိုပါ သောင်ခုံ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ သောင်တူးခြင်းလုပ်ငန်း စတင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်၊ ဇူလှိုင် (၁)ရက်နေ့က မြစ်ရေအမှတ် (၁၄၀၆) စင်တီမီတာထိ မြင့်တက်ခဲ့သဖြင့် မြို့၏ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အလားတူ မြစ်ရေ ကြီးမြင့်မှုမျိုးမှ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏(၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ မန်ခိန်ရပ်ကွက်နှင့် နောင်နန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားသောက်ကုန်များ ထောက်ပံ့

မြစ်ကြီးနား     ဇန်နဝါရီ ၁၄           ကချင်ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ အစည်းဝေးအမှတ်စဉ် (၁/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်း‌ဝေးကို ယနေ့ နံနက် (၁၀)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့အစည်းအဝေးတွင် လုပ်ငန်းစာတွဲများအပေါ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ခွင့်ပြုနိုင်ရေး ဆွေးနွေးဆုံးဖြတ်ပေးရမည်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်မရရှိဘဲ ဆောင်ရွက်နေမှုများအပေါ်စိစစ်၍ ပြဌာန်းထားသည့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် စံပြုလုပ်ထုံလုပ်နည်းများနှင့်အညီ အလေးထား သိရှိလိုက်နာကြရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းစာတွဲများအပေါ် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများ၊ ၂၀၂၁ ခုနှစ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိ‌သော ဗန်းမော်ခရိုင်အတွင်းမှ နေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များ သွားရောက်ထောက်ပံ့

မြစ်ကြီးနား     ဇန်နဝါရီ  ၁၃ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယဇာတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့၊ ဧရာရပ်ကွက်၊ စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ဗန်းမော်ခရိုင်အတွင်းမှ  နေရပ်စွန့်ခွာ၍ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်းအသီးသီးတွင် လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် တွေ့ဆုံသည်။ ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်များမှ ယာယီတိမ်းရှောင်လာသောအိမ်ထောင်စု (၂၁၂)စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် (၂၁၂)အိတ်၊ ဆီ (၂၁၂) ပိဿာနှင့် ကြက်ဥ (၄၂၄၀)လုံးအား ထောက်ပံ့ပေးအပ်ရာ တိမ်းရှောင်ပြည်သူတစ်ဦးက ထောက်ပံ့ပေးအပ်မှုများအတွက် ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများအတွက် လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဒေသတွင်းယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ်…

Read More

ကချင်ပြည်နယ်အတွင်းရှိ ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် MSME လုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ (၇၈) နှစ်မြောက် ကချင်ပြည်နေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ခဲ့မှုအပေါ် အားနည်းချက်/အားသာချက်များအား ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား ဇန်နဝါရီ ၁၂           ကချင်ပြည်နယ်အတွင်းရှိ ထုတ်ကုန်များ ဈေးကွက်ရရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် သဘာဝအရင်းအမြစ်ပေါကြွယ်ဝပြီး လယ်ယာထွက်ကုန်၊ သစ်တောထွက်ကုန်များဖြင့် စားသောက်ကုန်များ၊ လက်မှုထုတ်ကုန်များအပါအဝင် အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သည့် အလားအလာများစွာရှိသော ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံနှင့်ထိစပ်နေသည့်အတွက် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အခွင့်အလမ်းရှိသော ပြည်နယ်ဖြစ်သည်ကို အားလုံးကသိရှိထားရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ပဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် အရည်အသွေးမီ စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် ထုတ်ကုန်များ တန်ဖိုးမြှင့်တင် ထုပ်ပိုးမှုနှင့် အမှတ်တံဆိပ်တည်ဆောက်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ဈေးကွက်ချိတ်ဆက်မှုတို့ကို စနစ်တကျဆောင်ရွက်လိုအပ်လျက်ရှိပါကြောင်း၊…

Read More

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည် နယ်တာဝန်ခံ ဦးခင်ဇော် ဝိုင်းမော်မြို့နယ်အတွင်း အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင် ပြည်သူများ အေးချမ်းတည်ငြိမ်စွာ ဆန္ဒမဲပေးနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ဝိုင်းမော်  ဇန်နဝါရီ  ၁၁           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ဝိုင်းမော်မြို့နယ်အတွင်း မဲရုံ (၂၉)ရုံဖွင့်လှစ်၍ မဲဆန္ဒရှင်ပြည်သူများ ယနေ့ နံနက် ၆ နာရီက စတင်ဖွင့်လှစ်လျက်ရှိသော သက်ဆိုင်ရာမဲရုံအသီးသီး၌ တည်ငြိမ်အေးချမ်းစွာ ဆန္ဒမဲပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ ပြည်နယ်တာဝန်ခံ ဦးခင်ဇော်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ထားရှိသည့် မဲရုံအမှတ် (၃၉)နှင့် မဲရုံအမှတ်(၄၄)သို့ရောက်ရှိပြီး ကျေးရွာနေပြည်သူများ တည်ငြိမ်အေးချမ်းစွာ စနစ်တကျဆန္ဒမဲပေးနေမှု အခြေအနေများကို လှည့်လည်စစ်ဆေးခဲ့ကြပြီး ပြည်သူများ အစဉ်ပြေ ချောမွေ့စွာမဲပေးနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထိုမှတစ်ဆင့် ပြည်နယ်တာဝန်ခံသည် နောင်တာလောကျေးရွာအတွင်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဖွင့်လှစ်ထားသော မဲရုံအမှတ်(၃၈)၌လည်းကောင်း၊ ရပ်ကွက်(၁)အတွင်း အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော မဲရုံအမှတ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အကြိုမနောအကအားဖွင့်လှစ်၍ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်အတူ စုပေါင်းဆင်နွှဲ၊ ပြည်နယ်နေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     ဇန်နဝါရီ ၉          ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ မနောပွဲပထမနေ့အခမ်းအနားနှင့် အကြိုမနောအကကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ စည်းကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့ကြသည်။           ရှေးဦးစွာ မနောကွင်းရှေ့၌ မနောအက ပထမနေ့အတွက် မနောအကဖြင့် စုပေါင်းဆင်နွှဲ နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ကြိုဆို သောအားဖြင့် အကြိုမနောပွဲကို အတူတကွ ပျော်ရွှင်စွာ ပူးပေါင်းဆင်နွှဲခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့မနောပွဲတွင် ပါဝင်ဆင်နွှဲကြသူများအားလုံး ကျမ်းမာ၊ ချမ်းသာ ပြီး အောင်မြင်သော ဘဝကိုယ်စီပိုင်ဆိုင်နိုင်ကြပါစေကြောင်းနှင့် ကချင်ပြည်နယ်ကြီး အေးချမ်း သာယာဖွံ့ဖြိုးတိုးတက်သော ပြည်နယ်ဖြစ်လာပါစေကြောင်းဖြင့် ဆုမွန်ကောင်းတောင်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။          …

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး ရေထိန်းတမံ၊ ရေထိန်းတံခါးစီမံကိန်းများ၊ မြစ်ရေနှင့်ထိစပ်သည့် မြို့ဧရိယာတစ်လျှောက်လုံးတွင် ကမ်းနားလမ်းဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်တရားလွှတ်တော်ရုံး တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇန်နဝါရီ ၈           ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့တွင် ၂၀၂၄ ခုနှစ်က ဧရာဝတီမြစ်ရေ စံချိန်တင် ကြီးမြင့်မှုကြောင့် မြို့ဧရိယာ၏ ၄၀ ရာခိုင်နှုန်း နီးပါးရေကြီးနစ်မြှုပ်ခဲ့သည့်အပြင် ဘီလီယံပေါင်းများ စွာဆုံရှုံးခဲ့ရသဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် မြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေး ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းစီမံကိန်းများကို ဦးစားပေးကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၌ ကျောက်စီရေထိန်းတမံ၊ ရေထိန်း တံခါးများနှင့် ကမ်းနားလမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စည်ပင်သာယာမြစ်ဆိပ်နေရာမှ မင်းရပ်ရပ်ကွက် ပြည်သူ့ရင်ပြင်အထိ ဧရာဝတီမြစ်ရေ အမြင့်ဆုံးမြင့်တက်လာနိုင်သည့် ၁၄၀၀ စင်တီမီတာအထက် ၁၄၅၀ စင်တီမီတာအမြင့်ထိ ကာကွယ်နိုင်မည့် ကျောက်စီရေထိန်းနံရံအပြင် အဆိုပါ ဧရိယာအတွင်း ပါဝင်သည့်…

Read More

မြစ်ကြီးနားမြိူ့၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားအား ယခင်နှစ်များနှင့်မတူ အထူးစည်ကားသိုက်မြှိုက်စွာ ကျင်းပသွားမည်

မြစ်ကြီးနား     ဇန်နဝါရီ ၇           ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ သဝဏ်လွှာဖတ်ပွဲ၊ မနောအကဖြင့် စုပေါင်းဆင်နွှဲခြင်း၊ MSME ပြခန်းများ ခင်းကျင်းပြသခြင်း၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားများအပြင် ရိုးရာလက်‌ဝှေ့စိန်ခေါ်ပွဲ၊ Polytechnic University ဖွင့်ပွဲ အခမ်းအနားများဖြင့် ယခင်နှစ်များနှင့်မတူ အထူးစည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည့် ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။           အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့အသီးသီးမှ…

Read More